ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပသည့် Pharma Connect 2025 တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပသည့် Pharma Connect 2025 တက်ရောက်


Ministry of Information/ Naypyitaw / July 26, 2025
image_latest


ရန်ကုန် ဇူလိုင် ၂၅

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးနှင့် အိန္ဒိယ-မြန်မာကုန်သည် ကြီးများအသင်းတို့ ကြီးမှူးကျင်းပသည့် Pharma Connect 2025 သို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။       

ကြိုဆိုနှုတ်ဆက်

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ် ကြီး H.E Mr. Abhay Thakur နှင့် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Mr. Naresh Kumar တို့က ကြိုဆိုနှုတ်ဆက်စကား ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ကုန်သွယ် ဖက်အများဆုံးနိုင်ငံဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံအထိ ရောက်ရှိခဲ့သည်ဟု သိရှိရကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းမှုကဏ္ဍသည် အဓိကအစိတ်အပိုင်းအဖြစ်ပါဝင်ခဲ့ပြီး မိမိတို့အနေဖြင့် နှစ်စဉ်နိုင်ငံခြားငွေအမြောက်အမြား အသုံးပြု၍ ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းလျက်ရှိ ကြောင်း။

အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများအား ဆေးဝါးတင်သွင်းဖြန့်ဖြူး ရောင်းချမှုသာမက ပြည်တွင်းဆေးဝါးထုတ်လုပ်မှုကဏ္ဍ၌ ပိုမိုရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံပါက အထူးကင်းလွတ်ခွင့်များအပြင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၏ ဈေးကွက်များသို့လည်း ပြန်လည်တင်ပို့ရောင်းချနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ဆေးဝါးမှတ်ပုံတင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများဘေးကင်းလုံခြုံစိတ်ချရသည့် ဆေးနှင့်ဆေးပစ္စည်း များသုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

ဆွေးနွေးပွဲ၌ ဆွေးနွေးကြမည့်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ အိန္ဒိယ သံရုံးနှင့် အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများအနေ ဖြင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဆေးဝါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်တွင်း၌ လိုအပ်သော ဆေးဝါးများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေး အတွေ့အကြုံ အပြန်အလှန်ဖလှယ်ခြင်းနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ ရှာဖွေနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့်အသင်းချုပ်မှ ကိုယ်စားလှယ်များက ပြည်တွင်းဆေးဝါးထုတ်လုပ် မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲများပြုလုပ်ကာ ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Posted on Jul 25, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


Posted on Jul 24, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 23, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Posted on Jul 22, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Posted on Jul 21, 2025
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jul 24, 2025

အများပြည်သူသို့ အသိပေးကြေညာချက်

ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Jul 23, 2025

ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

Posted on Jul 23, 2025

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

HOT NEWS
January 4,