ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / July 29, 2025

နေပြည်တော် ဇူလိုင် ၂၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E Mr. Iskander Azizov အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နိုင်ငံခြားပညာတော်သင်ကိစ္စရပ်များ၊ ရုရှားဘာသာစကားပို့ချသည့် ဆရာ ဆရာမများ၏ အရည်အသွေး တိုးတက်စေရေးနှင့် ရုရှားဘာသာစကား သင်ကြားရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ သံအရာရှိ Ms. Anastasia Solovieva တို့ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Aug 2, 2025နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Aug 2, 2025မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
Myanmar National Human Rights Commission Statement No. (9/ 2025)
Posted on Aug 2, 2025