ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရုံးဌာနအဆောက်အအုံနှင့် ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရုံးဌာနအဆောက်အအုံနှင့် ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Hotel & Tourism/ နေပြည်တော် / August 05, 2025
နေပြည်တော် ဩဂုတ် ၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့ရှိ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ရုံးအတွင်းအပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးဆောင်ရွက် ထားရှိမှု၊ နိုင်ငံပိုင်ရုံးလုပ်ငန်းသုံးပစ္စည်းများ စနစ်တကျသိမ်းဆည်းထားရှိမှုများကို ကြည့်ရှုစစ်ဆေး သည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရေး၊ နိုင်ငံ ပိုငပစ္စည်း၊ အဆောက်အအုံများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ ဆိုက်ဘာလုံခြုံရေးသတိပြု ဆောင်ရွက်ရေး၊ ရုံးအင်္ဂါရပ်နှင့် ညီညွတ်သောပတ်ဝန်းကျင်ဖြစ်စေရန် သန့်ရှင်းသပ်ရပ် မှုရှိအောင် ဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သောဘာသာရပ်များသာမက ပြင်ပဗဟုသုတ၊ ခေတ် နှင့်လျော်ညီသော နည်းပညာများကို စဉ်ဆက်မပြတ်ကြိုးစားလေ့လာရေး၊ နိုင်ငံ့အကျိုး၊ ဝန်ကြီးဌာန အကျိုး၊ ပြည်သူ့အကျိုးကိုရှေးရှု၍ ရုံးလုပ်ငန်းများစနစ်တကျ အောင်မြင်အောင် ဆောင်ရွက်ရေးမှာ ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်ဌာနတွင်း ရုံးလုပ်ငန်းမွမ်းမံသင်တန်းနှင့် e-Government ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: MyanmarAlin
ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက်
Posted on Aug 7, 2025ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Aug 6, 2025အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်း
Posted on Aug 5, 2025အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်း