ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များ ကြည့်ရှုစစ်ဆေး


Ministry of Hotel & Tourism/ နေပြည်တော် / August 07, 2025


နေပြည်တော် ဩဂုတ် ၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒဏ္ခိဏသီရိမြို့နယ် နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ ငလျင်ဒဏ်သင့် ဟိုတယ်အဆောက်အအုံနှင့် အခန်းများ၊ ခန်းမများအား ပြုပြင်မွမ်းမံဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်သင့်ဟိုတယ်အဆောက်အအုံများအား ပြုပြင် မွမ်းမံရာတွင် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာဆောင်ရွက်ရေး၊ ပြင်ဆင်ဆဲ အဆောက်အအုံများ၊ အခန်းများအား အမြန်ပြီးစီးအောင်ဆောင်ရွက်ပြီး ခရီးသွားရာသီမတိုင်မီ အဆင်သင့်ဖြစ်စေရေး၊ ဧည့်သည်များ စိတ်အေးချမ်းမြေ့စွာ ရက်ရှည်တည်းခိုနေထိုင်ရန် ဆွဲဆောင်မှု ရှိသော အပြင်အဆင်များဆောင်ရွက်ရေး၊ ဝန်ဆောင်မှုကောင်းများဖြင့် နိုင်ငံတကာအဆင့်မီဟိုတယ် များဖြစ်စေရန် ကြိုးပမ်းကြရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပေးကြေညာချက်နှင့် အရေးပေါ် ထွက်ပေါက်နေရာပြ ဆိုင်းဘုတ်များ စီစဉ်ထားရှိရေးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေး ဝိုင်းဝန်းကြိုးစားကြရန် မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်များ၌ ဧည့်သည်များအား ဝန်ဆောင်မှု ပေးနေမှု၊ ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဟိုတယ်ဝင်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး ထားရှိသော အော်ဂဲနစ်စိုက်ခင်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တပ်ဆင်သုံးစွဲနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်

Source From: MyanmarAlin

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Posted on Aug 07, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 06, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025
AnnouncementsExplore more >

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၇-၂ဝ၂၅)

Posted on Aug 7, 2025

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၇-၂ဝ၂၅)

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ သတ်မှတ်ကြေညာခြင်း

Posted on Aug 7, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားခဲ့ပြီး ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက်

Posted on Aug 7, 2025

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။