ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ် အထူးပြုပထမနှစ်ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ် အထူးပြုပထမနှစ်ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / August 19, 2025

နေပြည်တော် ဩဂုတ် ၁၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်သို့ လေ့လာရေးခရီးရောက်ရှိနေသည့် မန္တလာတက္ကသိုလ်မှ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာစီမံခန့်ခွဲမှုဘာသာရပ် အထူးပြုပထမနှစ်ကျောင်းသား ကျောင်းသူများအား ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ၊ မန္တလာတက္ကသိုလ်မှ နေပြည်တော်လေ့လာရေး ခရီးစဉ်သို့ လိုက်ပါလာကြသည့် အုပ်ချုပ်သူဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက် ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် သင်ယူ တတ်မြောက်ခဲ့သော သင်ခန်းစာများနှင့် ယခုနေပြည်တော်ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက် များကို မိမိတို့၏ အတွေးအခေါ်ဆန်းသစ်တီထွင်မှုများနှင့်ပေါင်းစပ်ပြီး လက်တွေ့အသုံးချနိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် နိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက် စေရေး ကျရာအခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မန္တလာတက္ကသိုလ် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာစီမံခန့်ခွဲမှု ဘာသာ ရပ် အထူးပြုပထမနှစ်ကျောင်းသူတစ်ဦးက လေ့လာရေးခရီးစဉ် အတွေ့အကြုံများကို ရှင်းလင်း တင်ပြပြီး ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
သတင်းစဉ်
Source From: Kyemon
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Aug 20, 2025
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Aug 17, 2025
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Posted on Aug 19, 2025ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
မြန်မာ့ဒေသရင်း ငှက်မျိုးစိတ် အထူးထုတ် ၂၀၀ ကျပ်တန် (၉)လုံးပါ Block of Stamp စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။
Posted on Aug 19, 2025မြန်မာ့ဒေသရင်း ငှက်မျိုးစိတ် အထူးထုတ် ၂၀၀ ကျပ်တန် (၉)လုံးပါ Block of Stamp စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။
လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို သတ်မှတ်ကြေညာခြင်း
Posted on Aug 18, 2025လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို သတ်မှတ်ကြေညာခြင်း