ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် AFC Women’s Champions League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် AFC Women’s Champions League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / August 26, 2025
image_latest


ရန်ကုန် ဩဂုတ် ၂၅

AFC Women’s Champions League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ကိုးဂိုး-ဂိုးမရှိဖြင့်အနိုင်ရ

အဆိုပါဘောလုံးပြိုင်ပွဲသည် ၂၀၂၅-၂၀၂၆ ရာသီ အာရှချန်ပီယံလိဂ်အမျိုးသမီးကလပ်ခြေစစ်ပွဲဖြစ်ပြီး ယနေ့တွင် အုပ်စုပထမနေ့ပွဲစဉ်အဖြစ် မြန်မာ နိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် ဂူအမ်နိုင်ငံမှ Strykers FC အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပထမပိုင်း ၄၅ မိနစ်တွင် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းက ခုနစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းဆက်လက်ယှဉ်ပြိုင်ကစားရာတွင် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းက ထပ်မံ၍ နှစ်ဂိုးသွင်းယူနိုင်ခဲ့ကာ ပြိုင်ပွဲပြီးဆုံးချိန်တွင် I.S.P.E FC အသင်းက Strykers FC အသင်းကို ကိုးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Posted on Aug 29, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on Aug 28, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


Posted on Aug 26, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Posted on Aug 25, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 24, 2025
AnnouncementsExplore more >

မတရားအသင်းအဖြစ် ကြေညာခြင်း

Posted on Aug 28, 2025

မတရားအသင်းအဖြစ် ကြေညာခြင်း

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

Posted on Aug 28, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Aug 28, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း