ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ ရန်ကုန် - မန္တလေးအမြန်လမ်းဘေးဝဲ /ယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ထားမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ ရန်ကုန် - မန္တလေးအမြန်လမ်းဘေးဝဲ /ယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ထားမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / September 07, 2025

နေပြည်တော် စက်တင်ဘာ ၆
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၅၁ ရှိ စလူကြိုးဝိုင်းဧရိယာအတွင်း စိုက်ပျိုးထားသည့် တစ်အုပ်တစ်မစိုက်ခင်းငါးဧက ရှင်သန်အောင်မြင်နေမှု၊ စလူကြိုးဝိုင်းအတွင်း ဝါး၊ ကြိမ်နှင့် သစ်မျိုးစုံ ရောနှောစိုက်ခင်းဧက ၂၀ စိုက်ခင်း၌ အကွက်အလိုက် သစ်၊ ဝါး၊ ကြိမ် မျိုးစိတ်အလိုက် ရောနှောစိုက်ပျိုးထားမှုနှင့် ရှင်သန်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားသည်။
ကြိုးပမ်းဆောင်ရွက်
ထို့နောက် ဒိုက်ဦးမြို့နယ် ဘိုင်းဒါးကြိုးဝိုင်း ဧရိယာမိုင်တိုင် ၇၂ ရှိ တစ်အုပ်တစ်မစိုက်ခင်း ခုနစ်ဧကကိုလည်းကောင်း၊ ကျောက်တံခါးမြို့နယ် အိုင်တုံကွန်းကြိုးဝိုင်းဧရိယာ မိုင်တိုင် ၈၅ ရှိ တစ်အုပ်တစ်မစိုက်ခင်းခုနစ်ဧကကိုလည်းကောင်း၊ ရေတာရှည်မြို့နယ် စိုင်းရကြိုးဝိုင်းဧရိယာ မိုင်တိုင် ၁၇၅ ရှိ တစ်အုပ်တစ်မစိုက်ခင်းသုံးဧကကိုလည်းကောင်း၊ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ရေနီကြိုးဝိုင်းဧရိယာ မိုင်တိုင် ၁၈၇ ရှိ တစ်အုပ်တစ်မ စိုက်ခင်း ငါးဧကကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးခဲ့သော အပင်များရှင်သန်အောင် ဂရုစိုက် ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် ဆက်လက်တိုးချဲ့စိုက်ပျိုးသွားရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲ/ယာအပါအဝင် အာဆီယံကားလမ်းဘေးဝဲ/ယာနှင့် အပူပိုင်းဒေသ ၁၃ ခရိုင် အတွင်းရှိ ကားလမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်စေရေးအတွက် ကားလမ်းဘေးဝဲ/ယာ တောအုပ်ငယ်အသွင်ဖြစ်စေရန် တစ်အုပ်တစ်မစိုက်ပျိုးခြင်းများကို နှစ်စဉ်အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 10, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Posted on Sep 08, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 07, 2025
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း
Posted on Sep 9, 2025နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ နေပြည်တော်၊ အလုပ်လျှောက်လွှာခေါ်ယူခြင်း
Posted on Sep 8, 2025ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ