ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / September 07, 2025

နေပြည်တော် စက်တင်ဘာ ၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ပြင်ဦးလွင်ခရိုင် အားကစားကွင်းကြံ့ခိုင်မှုအခြေအနေ၊ တင်းနစ်ကွင်း၌ တင်းနစ်အားကစားသမားများ လေ့ကျင့်နေမှုနှင့် တိုက်ကွမ်ဒိုအားကစားရုံ၌ မျိုးဆက်သစ် တိုက်ကွမ်ဒိုအားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ပြင်ဦးလွင်မြို့နယ်အားကစားကွင်း၌ ၂၀၂၅-၂၀၂၆ ခုနှစ် ကိုယ်ပိုင်ကျောင်းများ၏ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ မူလတန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် နောင်ချိုအားကစားကွင်း၊ မိုးလုံလေလုံ အားကစားရုံနှင့် နှစ်ထပ်ပွဲကြည့်စင်များ ကြံ့ခိုင်မှုအခြေအနေ၊ ရေလိုင်း၊ မီးလိုင်းများ သွယ်တန်း ထားရှိမှု၊ ရေစင်တည်ဆောက်ထားရှိမှုနှင့် မြက်ဖြတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက် ရန်လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားကာ မြို့နယ်အားကစားတာဝန်ခံထံ ကျောပိုးမြက်ဖြတ်စက်နှင့် လက်တွန်းမြက်ဖြတ်စက်များ ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ နိုင်ငံပိုင်ငှားရမ်းထားသည့် ဟိုတယ်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဟိုတယ်အဆောက်အအုံများ၊ အခန်းများမွမ်းမံ ပြင်ဆင်ထားရှိမှု၊ ဧည့်သည်များ လာရောက်တည်းခိုနေထိုင်နေမှု၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သန့်ရှင်းသာယာလှပရေး ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်မြို့ကို ခရီးသွားမြို့တော်၊ အားကစားမြို့တော်၊ ပန်းမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ကော်ဖီမြို့တော်ဖြစ်စေရေးအတွက် အကောင်အထည်ဖော်သည့်လုပ်ငန်းစဉ်များတွင် ဟိုတယ်လုပ်ငန်းဆောင်ရွက်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 10, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Posted on Sep 08, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 07, 2025
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း
Posted on Sep 9, 2025နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ နေပြည်တော်၊ အလုပ်လျှောက်လွှာခေါ်ယူခြင်း
Posted on Sep 8, 2025ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ