ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ်(၁) ဓာတ်အားပေးစက် စမ်းသပ်မောင်းနှင်လည်ပတ်နေမှုနှင့် အမှတ်(၂)ဓာတ်အားပေးစက် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ်(၁) ဓာတ်အားပေးစက် စမ်းသပ်မောင်းနှင်လည်ပတ်နေမှုနှင့် အမှတ်(၂)ဓာတ်အားပေးစက် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / September 14, 2025

နေပြည်တော် စက်တင်ဘာ ၁၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရာဂီမုန်တိုင်းကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက် နှစ်လုံးအနက် အမှတ်(၁) ဓာတ်အားပေးစက် ပြန်လည်ပြုပြင်ပြီး စမ်းသပ်မောင်းနှင် လည်ပတ်နေမှုနှင့် အမှတ်(၂) ဓာတ်အားပေးစက် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပေးစက်ရုံ၌ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး စက်ရုံအဆောက်အအုံအတွင်း အမှတ်(၁) ဓာတ်အားပေးစက် ပြန်လည်ပြုပြင်ပြီး စမ်းသပ်မောင်းနှင် လည်ပတ်နေမှုနှင့်အမှတ်(၂) ဓာတ်အားပေးစက်၏ စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများ တပ်ဆင်ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင်ခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံခြားသား ပညာရှင်များနှင့် တွဲဖက်၍ ဓာတ်အားပေးစက်များ ပြုပြင်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားထုတ်လုပ် မောင်းနှင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေရသော်လည်း မိမိတို့ဝန်ထမ်းများဖြင့် ဆောင်ရွက်ရန် လိုအပ်လာပါက ပြုပြင်ထိန်းသိမ်းမောင်းနှင် နိုင်ရန်အတွက် ယခုအချိန်ကတည်းက ကျွမ်းကျင်မှုရှိစေရေး နည်းပညာဆိုင်ရာ အတွေ့အကြုံများရယူ၍ လေ့လာဆည်းပူးထား ရန်လိုအပ်ကြောင်း ပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ယင်းနောက် တမံအတွင်း ရေဝင်ရောက်မှု၊ နုန်းမြေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တမံကြံ့ခိုင်မှုအခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုစစ်ဆေးသွားရန်နှင့် တမံလုံခြုံရေး ဂရုပြုဆောင်ရွက်ရန်မှာကြားသည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ် နှစ်လုံးဖြင့် စုစုပေါင်း ၁၄၀ မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက် ပေါင်းလောင်း-နန်ချို ဓာတ်အား လိုင်းဖြင့် နိုင်ငံတော်ဓာတ်အား စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ် နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်း၍ ထူးကဲစွာရေဝင်ရောက်မှုကြောင့် ဓာတ်အားပေးစက်ရုံ အဆောက်အအုံအတွင်း ဓာတ်အားပေးစက် အစိတ်အပိုင်းများ တပ်ဆင်ထားသည့် စက်ရုံမြေအောက်ထပ်များ အားလုံးရေဝင်နစ်မြုပ်ခဲ့သည့်အတွက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရပြီး ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အမှတ်(၁) ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ်ကို ပြန်လည်ပြုပြင်ပြီးဖြစ်သဖြင့် စမ်းသပ်မောင်းနှင် လည်ပတ်လျက်ရှိပြီး အမှတ်(၂)ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ်ကိုလည်း အမြန်ဆုံးစမ်းသပ်မောင်းနှင် လည်ပတ်ပြီး ဓာတ်အားထုတ်လုပ်နိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 14, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Posted on Sep 12, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Posted on Sep 11, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 10, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Posted on Sep 13, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်
Posted on Sep 13, 2025ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Sep 12, 2025မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း