ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဒွါဒသမပုံမှန်အစည်းအဝေး တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဒွါဒသမပုံမှန်အစည်းအဝေး တက်ရောက်


Ministry of Information/ Naypyitaw / September 14, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၃

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဒွါဒသမပုံမှန်အစည်းအဝေး(၃/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အင်ဂျင်နီယာအထူးပြုပညာရပ်အလိုက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ မြေငလျင်ဒဏ်ခံရနိုင်သည့် နိုင်ငံတစ်ခုဖြစ်၍ အင်ဂျင်နီယာပညာရှင်များအနေဖြင့် ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံများ တည်ဆောက်နိုင်ရန်နှင့် အသိပညာပေးရေးလုပ်ငန်းများသည်လည်းအရေးကြီးကြောင်း၊ ငလျင်ဒဏ် ကို ခံနိုင်ရည်ရှိသည့် အဆောက်အအုံများကို တည်ဆောက် နိုင်ခြင်းသည် အနာဂတ်မျိုးဆက်များ၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်သလို ပိုင်ဆိုင်မှုများကိုလည်း ထိခိုက်ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်ကြောင်း။

ထို့ပြင် မြန်မာနိုင်ငံသံနှင့်သံမဏိအသင်းနှင့် ပူးပေါင်းပြီး ငလျင်ဒဏ်ခံဆောက်လုပ်ရေးလုပ်ငန်း သုံးသံမဏိနှင့်ပတ်သက်၍ ဟောပြောပွဲများကို ပြုလုပ်ပေးခြင်းသည် အချိန်နှင့်တစ်ပြေးညီ အသိပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတော်အတွက် အရေးကြီးသည့် လူမှုစီးပွားဘဝ တိုးတက်အောင်မြင်စေမည့် စီးပွားရေး၏ အသက်သွေးကြောသဖွယ်အရေးကြီးသော MSME များတွင် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍ သည်အရေးပါသဖြင့် “MSME များနှင့် စက်မှုလုပ်ငန်းကြီးများ ဖွံ့ဖြိုးတိုးတက်ရန် အင်ဂျင်နီယာများ၏ အရေးပါမှု”ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် “MSME များနှင့် စက်မှုလုပ်ငန်းကြီးများ ဖွံ့ဖြိုးတိုးတက်ရန် အင်ဂျင်နီယာများ၏ အရေးပါမှု”ခေါင်းစဉ်ဖြင့် MSME များ၏ သမိုင်းကြောင်း၊ နိုင်ငံအလိုက် MSME ကဏ္ဍပါဝင်မှုအခြေအနေ၊ မြန်မာနိုင်ငံအတွက် MSME ၏ အရေးပါမှု၊ MSME လုပ်ငန်းတစ်ခုအတွက် အင်ဂျင်နီယာအမျိုးအစားအလိုက် ပံ့ပိုးပေးနိုင်သော နယ်ပယ်များ၊ အင်ဂျင်နီယာများက MSME ကို မည်သို့ပံ့ပိုးပေးမလဲ၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင်ထားသည့် စက်မှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် အင်ဂျင်နီယာများ ဆက်စပ်မှု၊ အထူးစီးပွားရေးဇုန်၊ စက်မှုဇုန်များနှင့် CMP လုပ်ငန်းများကို အင်ဂျင်နီယာများက မည်သို့ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ကို Power Point များဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဒွါဒသမပုံမှန်အစည်းအဝေး အစီအစဉ်များ အတိုင်း ဆက်လက်ကျင်းပသည်။

ပြန်လည်ပေးအပ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)၌ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း(ဆိုလာစနစ်) ဖွင့်လှစ်ရာတွင် သင်ထောက်ကူပစ္စည်းအဖြစ် အသုံးပြုရန်ဆိုလာနှင့် ဆက်စပ်ပစ္စည်းလှူဒါန်းမှု အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ဆိုလာနှင့် ဆက်စပ်ပစ္စည်းများလှူဒါန်းသည့် ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် စက်မှုဝန်ကြီးဌာနမှ စက်ရုံများအားငှားရမ်း/ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် တက်ရောက်လာသည့် လုပ်ငန်းရှင်များက ကြုံတွေ့နေရသည့် အခက်အခဲများ၊ လက်ရှိလုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသည့် လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 14, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Posted on Sep 13, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Sep 12, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Sep 11, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 10, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Sep 09, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

Posted on Sep 13, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်

Posted on Sep 13, 2025

ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Sep 12, 2025

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း