ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မြိတ်မြို့ရှိ POLYTECHNIC UNIVERSITY (MYEIK) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မြိတ်)တို့ကို ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မြိတ်မြို့ရှိ POLYTECHNIC UNIVERSITY (MYEIK) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မြိတ်)တို့ကို ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / September 20, 2025
နေပြည်တော် စက်တင်ဘာ ၁၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ POLYTECHNIC UNIVERSITY (MYEIK) ကို ယနေ့သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ POLYTECHNIC UNIVERSITY (MYEIK) မှ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူနေမှုများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်း၊ စက်ပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများ၊ အားကစားခန်းမများ၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်များနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် အစိုးရနည်းပညာအထက်တန်းကျောင်း (မြိတ်) နှင့် POLYTECHNIC UNIVERSITY (MYEIK) Faculty of Computing တို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Posted on Sep 19, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Posted on Sep 18, 2025
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
Posted on Sep 21, 2025နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၁/၂၀၂၅)
Posted on Sep 21, 2025Myanmar National Human Rights Commission Statement No. (11/2025)
Posted on Sep 21, 2025