ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များအားကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များအားကြည့်ရှုစစ်ဆေး
Ministry of Hotel & Tourism/ နေပြည်တော် / September 30, 2025

နေပြည်တော်၊ စက်တင်ဘာလ (၂၉) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားရာသီအမီ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း များ အသင့်ဖြစ်နေစေရေး၊ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းများအနေဖြင့် ပြုပြင်မွန်းမံမှုများ ပြုလုပ်ပြီး အမြန်ပြန်လည်ဖွင့်လှစ် လည်ပတ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ငလျင်ဘေးသင့် ဟိုတယ်များ ပြုပြင်ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်း လည်ပတ်နေမှုကို သွားရောက်ကြည့်ရှုစစ်သည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဟိုတယ်များမှ တာဝန်ရှိသူများက ငလျင်ဒဏ်သင့် အဆောက်အဦ၊ အခန်းများ၊ ခန်းမများအား ပြုပြင်မွမ်းမံဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးမှု၊ ပြင်ဆင်ပြီး အခန်းများတွင် ဧည့်သည်များ လက်ခံပြီး လုပ်ငန်းများ ဆောင်ရွက်နေမှု ၊ဟိုတယ်များသို့ ဧည့်သည်များ ပိုမိုလာရောက် တည်းခိုကြရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် ဆောင်ရွက်ပေးစေလိုသည် များကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီး အတွင်း၌ အထင်ကရခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများစွာရှိသည့်အတွက် ခရီးသွားရာသီအမီ ဟိုတယ်လုပ်ငန်းများကို အဆင်သင့်ပြင်ဆင်ထားရှိရေး၊ ဟိုတယ်များအနေဖြင့် ပြည်ပခရီးသွား ဈေးကွက်သာမက ပြင်တွင်းခရီးသွား ဈေးကွက်ကိုဦးတည်၍ ဆောင်ရွက်ကြရေး၊ ငလျင်ဒဏ်သင့် ဟိုတယ်အဆောက်အဦ၊ အခန်းများ၊ ခန်းမများအား ပြင်ဆင်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ပြင်ဆင်ကြရန်နှင့် ဟိုတယ်သို့လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပေးကြေညာချက်များထားရှိရေး၊ ဟိုတယ်ဝန်ထမ်းများကိုလည်း အရည် အသွေးပြည့်ဝသည့် ကျွမ်းကျင်ဝန်ထမ်းများဖြစ်အောင် သင်ကြားလေ့ကျင့်ပြီး ဝန်ဆောင်မှုအဆင့် အတန်း မြင့်မားလာအောင် ဆောင်ရွက်ကြရေး၊ ဟိုတယ်များတွင် ဧည့်သည်များကိုဆွဲဆောင် သည့်အစီအစဉ်များ ဖန်တီးဆောင်ရွက်ရေး ၊ မကြာမီ ပွင့်လင်းရာသီရောက်တော့မည်ဖြစ်၍ မီးဘေး လုံခြုံရေးအတွက် အထူးဂရုပြုပြီး ကြိုတင်ကာကွယ်ရေး အစီအမံများကို ပြည့်စုံစွာဆောင်ရွက် ကြရေး၊ ဟိုတယ်များအနေဖြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ကြရေးနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်းသိရသည်။
Source From:KyeMon၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။
Posted on Oct 02, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 30, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 28, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Oct 1, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Myanmar National Human Rights Commission Statement No. (12/2025)
Posted on Oct 1, 2025