ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သက်ကြီးဆရာဝန်ကြီးများ ကျန်းမာရေးစစ်ဆေးကုသမှုနှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်၏ ကျောင်းသား ကျောင်းသူအိပ်ဆောင်များ လှည့်လည်ကြည့်ရှု
ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သက်ကြီးဆရာဝန်ကြီးများ ကျန်းမာရေးစစ်ဆေးကုသမှုနှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်၏ ကျောင်းသား ကျောင်းသူအိပ်ဆောင်များ လှည့်လည်ကြည့်ရှု
Ministry of Information/ Naypyitaw / November 17, 2025
ရန်ကုန် နိုဝင်ဘာ ၁၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ နှစ်စဉ်ပြုလုပ်သော သက်ကြီးဆရာဝန်ကြီးများ ကျန်းမာရေးစစ်ဆေးကုသမှု ဆောင်ရွက်ခြင်းကို ကြည့်ရှုအားပေးသည်။
ဦးစွာ သက်ကြီးဆရာဝန်ကြီးများအား တွေ့ဆုံ၍ ဆေးဝါးများ ထောက်ပံ့ပေးကာ သွေးဖောက်စစ်ဆေးခြင်း၊ ECG စစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ကူးခြင်း၊ တယ်လီဗွီးရှင်းဓာတ်မှန် ရိုက်ကူးခြင်းနှင့် အရိုးသိပ်သည်းဆတိုင်းတာစမ်းသပ်ခြင်း (Bone Densitometry)၊ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများ၊ သက်ကြီးရွယ်အိုဆေးပညာအထူးကုဆရာဝန်ကြီးများ၊ ဆီးချိုသွေးချိုရောဂါအထူးကု ဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေးကုသပေးနေခြင်းတို့ကို လှည့်လည်ကြည့်ရှုပြီး ခင်မင်ရင်းနှီးစွာ နှုတ်ဆက်အားပေးသည်။
အဆိုပါ သက်ကြီးဆရာဝန်ကြီးများ ကျန်းမာရေးစစ်ဆေးကုသခြင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းမှ သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သက်ကြီးဆရာဝန်ကြီး ၂၆၈ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆေးတက္ကသိုလ် (၂) ရန်ကုန်သို့ သွားရောက်၍ မြသီလာ (အမျိုးသမီး) ဆောင်၊ သီတာ (အမျိုးသမီး) ဆောင်၊ ဥက္ကလာ (အမျိုးသား) ဆောင်များ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ပြင်ဆင်ဆောက်လုပ်နေသော Dormitory ခြောက်ထပ် ထမင်းစားဆောင် ဆောက်လုပ်ခြင်းနှင့် သံပန်းတပ်ဆင်ခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုပြီး လာမည့်ပညာသင်နှစ်တွင် အသစ်ရောက်ရှိလာမည့် ကျောင်းသား ကျောင်းသူများ နေထိုင်မှုအဆင်ပြေစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ လုံခြုံဘေးကင်းစွာ နေထိုင်နိုင်ရေး၊ အဆောက်အအုံ အရည်အသွေးကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီးစေရေးတို့အတွက် လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမိုးဝင့်အောင်က အဆောင်နေ ကျောင်းသား ကျောင်းသူများ နေထိုင်နိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Posted on Nov 17, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Posted on Nov 15, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Posted on Nov 14, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Posted on Nov 13, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 12, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Nov 12, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Posted on Oct 31, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Nov 17, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
