ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး (၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး (၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတက်ရောက်
Ministry of Information/ Naypyitaw / November 07, 2025
ရန်ကုန် နိုဝင်ဘာ ၆
(၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများ အသင်း(ASEAN Ports Association) နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အိမ်ရှင်အဖြစ် ရန်ကုန်မြို့ Wyndam Grand Yangon Hotel ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဝန်ကြီးဌာနလက်အောက်ရှိ ရေကြောင်းဘက်ဆိုင်ရာဦးစီးဌာန၊ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အာဆီယံဆိပ်ကမ်းများအသင်း၏ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများ၊ ပုဂ္ဂလိကဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံဆိပ်ကမ်းများအသင်း၏ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ ကိုယ်စားလှယ်ခေါင်းဆောင်များကို သီးသန့်လက်ခံတွေ့ဆုံသည်။
အစည်းအဝေးဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ဧည့်သည်တော်ကြီးများ အားလုံးကိုလှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ အသင်းဝင်နိုင်ငံအများစုက လူကိုယ်တိုင် တက်ရောက်ပေးကြသည့်အတွက်လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုအစည်းအဝေးကို အာဆီယံ၏ ဆောင်ပုဒ်ဖြစ်သော “One Vision, One Identity, One Community” အရ အာဆီယံဆိပ်ကမ်းလုပ်ငန်းအသိုက်အဝန်းအတွင်း ဘုံအကျိုးစီးပွားဖြစ်ထွန်းရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အတူတကွ လျှောက်လှမ်းနိုင်ရေး ရည်မှန်းချက်များဖြင့် အာဆီယံဆိပ်ကမ်းများအသင်း၏ “Navigating Together, Sustainable Forever” ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ဆိပ်ကမ်းများသည် အာဆီယံဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားများ ဖြစ်ကြကြောင်း၊ ယခုအစည်းအဝေးတွင် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုကွန်ရက်ပိုမိုအားကောင်းလာစေရေး၊ ဆိပ်ကမ်းများစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် လက်တွေ့ကျသော မဟာဗျူဟာလုပ်ငန်း စဉ်များနှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို ဆွေးနွေးနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ဒေသတွင်း ဆိပ်ကမ်းများအကြား ချိတ်ဆက်မှု(Connectivity)နှင့် စွမ်းဆောင်ရည် (Performance) ပိုမိုကောင်းမွန်စေရေးအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation), ဆန်းသစ်တီထွင်ခြင်း (Innovation), ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း (Decarbonization)နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ခြင်း (Human Resource Development)တို့ကို အသင်းဝင်နိုင်ငံအသီးသီးက ဆောင်ရွက်လျက်ရှိကြကြောင်း၊ ယခုအစည်းအဝေးတွင် နိုင်ငံအလိုက် အတွေ့အကြုံကောင်းများကို မျှဝေခြင်းဖြင့် အပြန်အလှန်အကျိုး ရှိစေနိုင်မည်ဖြစ်ကြောင်း၊ ဧည့်သည်တော်ကြီးများအနေဖြင့် ရန်ကုန်မြို့တွင် ရောက်ရှိနေထိုင်ကြစဉ်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာလူမျိုးများ၏ နွေးထွေးပျူငှာမှုတို့ကို ခံစားရင်းပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း နှုတ်ခွန်းဆက်ပြောကြားသည်။
ယင်းနောက် အာဆီယံဆိပ်ကမ်းများ အသင်း၏ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံမှ Capt. Basza Alexzandar Basri က အဖွင့် အမှာစကားပြောကြားပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်က အနှစ်ချုပ်အမှာစကား ပြောကြားသည်။
အာဆီယံဆိပ်ကမ်းများအသင်းကို ၁၉၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်၍ နှစ် ၅၀ ရွှေရတုကို ကျော်လွန်ခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် အသင်းဝင်နိုင်ငံဖြစ်လာခဲ့ကြောင်း၊ ယခုအခါ အသင်းကြီးတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်အဖွဲ့ဝင်ကိုးနိုင်ငံပါဝင်ပြီး ဒေသတွင်း ဆိပ်ကမ်းလုပ်ငန်းအသိုက် အဝန်းတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
