ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် ဒဂုံမြို့နယ်တို့၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းဆောင်ရွက်မှု ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် ဒဂုံမြို့နယ်တို့၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းဆောင်ရွက်မှု ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / November 08, 2025
ရန်ကုန် နိုဝင်ဘာ ၇
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှု၊ ပညာရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များ အာဟာရဓာတ်ပြည့်ဝစွာ ရရှိနိုင်စေရေး၊ အာဟာရပြည့်ဝပြီး ကျန်းမာစေသော အစားအစာများ စားသုံးတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားသော ကျောင်းသား လူငယ်များဖြစ်လာစေရေးရည်မှန်း၍ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများကို (၂၀၂၄-၂၀၂၅) ပညာသင်နှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း ဆောင်ရွက်လျက်ရှိသည့် လှိုင်မြို့နယ်ရှိ အ.မ.က (၇) လှိုင်တွင် တက်ရောက်နေသော KG ကျောင်းသား ကျောင်းသူများအား အာဟာရကျွေးမွေးနေခြင်းလုပ်ငန်းဆောင်ရွက်ချက်များကို အားပေးကြည့်ရှုပြီး ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကြောင့် ကျောင်းသား ကျောင်းသူများ ကျန်းမာသန်စွမ်းပြီး အာဟာရ ပြည့်ဝစေနိုင်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ ရရှိစေနိုင်ကြောင်း၊ ကျောင်းသား ကျောင်းသူများမှတစ်ဆင့် မိဘဆွေမျိုးများ၊ ပတ်ဝန်းကျင်ရှိ ပြည်သူလူထုပါ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံအလေ့အကျင့်ကောင်းများရရှိနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့နယ်ရှိ အ.လ.က (၁) ဒဂုံတွင် တက်ရောက်နေသော KG ကျောင်းသား ကျောင်းသူများ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းတွင် အလယ်တန်း ကျောင်းသား ကျောင်းသူများက ကိုယ်တိုင်ပါဝင်ချက်ပြုတ်နေခြင်းကို ကြည့်ရှုအားပေးသည်။
ယင်းနောက် အ.လ.က (၁) ဒဂုံမှ အလယ်တန်းကျောင်းသူလေးများက ကျောင်းကျန်းမာရေးပြခန်း တွင် ခင်းကျင်းပြသထားသည့် ကျန်းမာရေးအသိပညာပေးပြခန်းငယ် ကိုးခုကို ရှင်းလင်းပြသမှုကို ကြည့်ရှုအားပေးကြကာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ အ.ထ.က (၅) မရမ်းကုန်းတွင် တက်ရောက်နေသော KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
