ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများ လည်ပတ်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများ လည်ပတ်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု


Ministry of Information/ Naypyitaw / November 25, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၂၄

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံအရာထမ်းများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ Myanmar Dihuali Garment Co.,Ltd၊Myanmar Fortress Wealth Garment Co.,Ltd၊ Myanmar Dixinda Garment Co.,Ltd နှင့် Myanmar Hua Da Garment Co.,Ltd အထည်ချုပ်စက်ရုံများ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုနှင့် ရွေ့လျားဆေးကုသယာဉ်(MMU)ဖြင့် ဆေးကုသဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများနှင့်တွေ့ဆုံပြီး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများသည် အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကိုမြှင့်တင်ပေးနိုင်သောကြောင့် အလုပ်ရှင်၊ အလုပ်သမားများအကြား အပြန်အလှန်အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် လူမှုဖူလုံရေးအဖွဲ့က စက်ရုံများအတွင်း ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် အာမခံအလုပ်သမားများအား ဆေးဝါးကုသဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။