ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / December 02, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့(UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Mr. Jaime Nadal Roig အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် UNFPA မှ ငလျင်ဘေးသင့်ဒေသ များအတွက် Dignity Kits များ ထောက်ပံ့ပေးခဲ့မှု၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အကြမ်းဖက် ခံရသည့် အမျိုးသမီး များအား ဝန်ဆောင်မှုပေးသည့် စင်တာ (One Stop Women Support Centre- OSWSC) များတွင် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် UNFPA မှ ထောက်ပံ့ပေးနေမှု၊ UNFPA ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာကိစ္စများ ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုနှင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNFPA တို့အကြား ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများစွမ်းဆောင်ရည် မြင့်မားရေးလုပ်ငန်းအစီအစဉ် Workplan အား သက်တမ်းတိုးလက်မှတ်ရေးထိုး၍ လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့် UNFPA ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။