ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 02, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်မောင်းဆီများ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးနည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိကာလတွင် ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ခြင်း မရှိသေးသည့် အတွက် ပြည်ပမှတင်သွင်းနေရပါကြောင်း၊ လက်ရှိပြည်ပမှ ဝယ်ယူသုံးစွဲနေသည့်အချိန်တွင် အဓိကအား ဖြင့် ပြည်သူလူထုအနေဖြင့် ဈေးနှုန်း၊ အရည်အသွေး နှင့် အခြင်အတွယ် ထိခိုက်နစ်နာမှုမရှိစေရေး အထူးဦးစားပေးဆောင်ရွက်ပေးရန် မိမိတို့တွင် တာဝန်ရှိပါကြောင်း၊ ပြည်ပမှ စက်သုံးဆီများတင်သွင်းရာတွင် တင်သွင်းလာသည့် စက်သုံးဆီများ၏ အရည်အသွေးပြည့်မီမှန်ကန်မှုရှိစေရေး အရေးကြီးပါကြောင်း၊ စက်သုံး ဆီဖြည့်ဆည်းမှုကွင်းဆက်အတွင်း ကြပ်မတ်စစ်ဆေးသည့်အခါတွင် လူကြောင့်အားနည်းမှုများ မဖြစ်ပေါ်စေရေးအတွက် နည်းပညာအသုံးပြု၍ ကြပ်မတ်စစ်ဆေးမှုများကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းခဲ့သည်မှာ အချိန်ကာလတစ်ခုရှိသော်လည်း လက်တွေ့ဆောင်ရွက်နိုင်မှုမရှိသေးသည်ကို တွေ့ရှိရပါကြောင်း။

ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် ယခု လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါကြောင်း၊ ဦးစွာ Terminal များမှစ၍ Auto Tank Gauging (ATG) စနစ်များကို တပ်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူနှင့် လုပ်ငန်းရှင်များမှပူးပေါင်း၍ ပြည်သူ့အကျိုးရှေးရှုပြီး လက်တွဲညီစွာဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပြည်ပစက်သုံးဆီတင် သင်္ဘောမှစက်သုံးဆီများ လက်ခံချယူသိုလှောင်နေမှု၊ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging (ATG) စနစ် တပ်ဆင်၍ Control Room မှ စက်သုံးဆီများ ဖြန့်ဖြူးပေးနေမှုနှင့် လက်ကျန်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည်သိုလှောင်သင်္ဘော (Floating Storage Unit- FSU) နှင့် သဘာဝဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော စက်ရုံ (Regasification Unit) တို့၌ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများရှင်းလင်းတင်ပြကြသည်။

ကြည့်ရှုစစ်ဆေး

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့ရည်(LNG)မှ ဓာတ်ငွေ့ပြန်လည် ထုတ်ယူသုံးစွဲရာတွင်ထွက်ရှိလာသည့် ဓာတ်ငွေ့မှာ သန့်ရှင်းမှုရှိသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်ပါကြောင်း၊ ထို့ပြင် အပူစွမ်းအင်လည်း အလွန်မြင့်မားသည့်အတွက် လျှပ်စစ်ဓာတ်အားပိုမို၍ ထွက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ LNG ကို ကမ္ဘာ့နိုင်ငံများတွင် အဓိကစွမ်းအင်အရင်း အမြစ်တစ်ခုအဖြစ် အသုံးပြုနေကြရာ လာမည့်ဆယ်စုနှစ်အတွင်း LNG သုံးစွဲမှုသည် များစွာတိုးမြင့်လာမည် ဟု ခန့်မှန်းထားရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် LNG အသုံးပြုသည့် နည်းပညာပိုင်းနှင့်ပတ်သက်၍ လေ့လာသင်ယူပြီး ကိုယ်တိုင်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပြီး သဘာဝဓာတ်ငွေ့ရည်သိုလှောင်သင်္ဘောနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ကို သဘာဝဓာတ်ငွေ့ပြန်လည်ပြုလုပ်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသည့် စက်ရုံလုပ်ငန်းအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 ထို့နောက် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)တွင် ဆောင်ရွက်လျက်ရှိသည့် ရေနံချက်စက်ရုံသစ် စီမံကိန်းအတွက် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သီလဝါဆိပ်ကမ်းမှ သန်လျင်ရေနံချက် စက်ရုံသို့ သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေသည့် Myan Oil Terminal ၌ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းသယ်ယူပို့ဆောင်ပေးမည့် ပိုက်သွယ်တန်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ပိုက်သွယ်တန်းခြင်းလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက် သန်လျင်ရေနံချက်စက်ရုံသစ် စီမံကိန်းလုပ်ငန်းများနှင့် သီလဝါဆိပ်ကမ်းမှ စက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများသယ်ယူရောက်ရှိ တပ်ဆင်ပြီးစီးမှုကိုလည်းကောင်း၊ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(သာကေတ)၊ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ အတွင်းရှိ သိုလှောင်ကန်များနှင့် Jetty များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။