ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နှင့် မြန်အောင်မြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နှင့် မြန်အောင်မြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ


Ministry of Information/ Naypyitaw / December 03, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဓနုဖြူမြို့ရှိ Gold Delta ဆန်စက်ရှိ ရှင်းလင်းဆောင်၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ ပို့ကုန်ကဏ္ဍနှင့်သွင်းကုန်ကဏ္ဍ လွယ်ကူချောမွေ့စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံတကာကုမ္ပဏီများ၊ စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာ့လယ်ယာထွက်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ဈေးကွက်ရှာဖွေနိုင်ရေးနှင့် အမယ်သစ်ပို့ကုန်များတင်ပို့နိုင်ရေးအတွက် ပြည်ပနိုင်ငံများတွင် စီးပွားရေးသံမှူးများ ခန့်အပ်ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များသည် နိုင်ငံဝင်ငွေရရှိရေးအတွက် အဓိကနေရာမှ ပံ့ပိုးပေးလျက်ရှိသောကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ ကွင်းဆက်လုပ်ငန်းစဉ်တွင် လိုအပ်သောပစ္စည်းများနှင့် သွင်းအားစုများကို နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ပမှလစဉ်ဝယ်ယူဖြည့်တင်းပေးလျက်ရှိကြောင်း၊ ကမ္ဘာ့ဈေးကွက်လိုအပ်ချက်နှင့်အညီ ဈေးကွက်ဝင်ထုတ်ကုန်များဖြစ်စေရေး၊ ဈေးကောင်းရရှိ‌ရေးအတွက် အားလုံးပူးပေါင်း‌ ဆောင်ရွက်ကြရ မည်ဖြစ်‌ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း ပြည်ပသို့တိုက်ရိုက်တင်ပို့သည့်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် စိုက်ပျိုးထုတ်လုပ်သူများက ဒေသထွက်ကုန်သီးနှံများအား စိုက်ပျိုးထုတ်လုပ်မှု၊ ကြိတ်ခွဲထွက်ရှိမှုနှင့် ပြည်ပသို့တင်ပို့ နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် မြန်အောင်မြို့ မြို့နယ်အားကစားခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် သပြေကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စုပေါင်းခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ အမှာစကားပြောကြားခဲ့သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိသည့် အတွက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်များစွာ အကျိုးပြုလျက်ရှိကြောင်း၊ လယ်ယာထွက်ကုန်သီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးနှင့် ဈေးကွက်ဝင် ထုတ်ကုန်များဖြစ်စေရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်‌ရေး၊ လယ်ယာထွက်ကုန်သီးနှံများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်ပြောင်းလဲထုတ်လုပ်ပြီး ပြည်တွင်းစားသုံးရန်သာမက ပြည်ပသို့တင်ပို့နိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မြန်မာ့ဆန်၊ ဆန်ကွဲများ နှင့်ပတ်သက်၍ ပြည်တွင်းပြည်ပဈေးကွက်၊ ဈေးနှုန်းအခြေအနေနှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့်ပူးပေါင်း၍ အရည်အသွေးပြည့်မီကောင်းမွန် သောဆန်များ ထုတ်လုပ်တင်ပို့နိုင်မှုအခြေအနေများနှင့် တက်ရောက်လာသူများက ကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။