ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် South East Asia Games Federation Council Meeting (SEAGF) သို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် South East Asia Games Federation Council Meeting (SEAGF) သို့ တက်ရောက်


Ministry of Information/ Naypyitaw / December 09, 2025
image_latest


ဗန်ကောက် ဒီဇင်ဘာ ၈

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်ချွန်ဘူရီနှင့် ချင်းမိုင်မြို့များတွင် ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် South East Asia Games Fede-ration Council Meeting (SEAGF) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Grand Four Winds Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် CEO SEAGF Office (H.E.Dato’ Seri Chaiyapak Siriwat) က အဖွင့်အမှာစကားပြောကြားကာ ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီး H.E. Attha- korn Sirilatthayakorn, Minister of Tourism and Sports Thailand နှင့် South East Asia Games Federation Council ဥက္ကဋ္ဌ၊ ထိုင်းအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ The Honourable Asst.Prof.Pimol Srivikorn တို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားကြပြီး ဆုတံဆိပ်များ ပေးအပ် သည်။

ထို့နောက် နိုင်ငံပေါင်း (၁၁) နိုင်ငံမှ အကြီးအကဲများက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးကြသည်။

 ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ဗန်ကောက်မြို့ National Broadcasting Service of Thailand သို့ သွားရောက်ပြီး ပြိုင်ပွဲများကျင်းပနေမှုများကို MRTV, MRTV 4 နှင့် Hey Play တို့မှ သတင်းရယူထုတ်လွှင့်နိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး အားကစားနည်းအလိုက် ပြိုင်ပွဲယှဉ်ပြိုင်မှုသတင်းများကို မြန်မာနိုင်ငံမှ ပြည်သူများ အားပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသပေးနိုင်ရန် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။