ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပြင်ဦးလွင်မြို့၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းမြေနေရာများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပြင်ဦးလွင်မြို့၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းမြေနေရာများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 12, 2025
image_latest


ပြင်ဦးလွင် ဒီဇင်ဘာ ၁၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဘူတာအနီး မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည့်မြေနေရာ၊ ဘောလုံးကွင်းတည်ဆောက်မည့် မြေနေရာ၊ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံ Cyber City စီမံကိန်းအဆောက်အအုံများနှင့် အိမ်ရာစီမံကိန်းနေရာများ၊ ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ် ရပ်ကွက် ကြီး (၈) နှင့် ရပ်ကွက်ကြီး (၁၀)တို့ရှိ လမ်းများ တိုးချဲ့၊ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ပန်းပွဲတော်ကျင်းပလျက်ရှိသည့် အမျိုးသားကန်တော်ကြီးဥယျာဉ်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ စီမံဆောင်ရွက်လျက်ရှိသည့် ပြင်ဦးလွင်ဘူတာ အနီး 3 Star အဆင့်ရှိ မီးရထားဟိုတယ်နှင့်အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်မည့်နေရာသို့ရောက်ရှိရာ တာဝန်ရှိသူများက တည်ဆောက်မည့် အဆောက်အအုံနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း တင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်မည့်အဆောက်အအုံသည် အဆင့်မြင့်လေးထပ်အဆောက်အအုံဖြစ်သဖြင့် ငလျင်ဒဏ်ခံနိုင်အောင် Pile Foundation ဖြင့် တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ အဆောက်အအုံကို သဘာဝအလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်သော၊ လက်ရှိရှေးဟောင်းအဆောင်အအုံဖြစ်သည့် ပြင်ဦးလွင်ဘူတာ၏ Design ပုံစံနှင့် လိုက်လျောညီထွေရှိစေမည့် ဗိသုကာဒီဇိုင်းပုံစံဖြင့် Conceptual Plan ပုံစံအား ရေးဆွဲတင်ပြသွားရန်ဖြစ်ကြောင်း၊ Landscaping နှင့် Drainage System မှအစ စနစ်တကျတွက်ချက် ရေးဆွဲရန်ဖြစ်ကြောင်း၊ 3 Stars အဆင့်ရှိသည့် ဟိုတယ်ဖြစ်သဖြင့် ဟိုတယ်အခန်းများသည် အဆင့်နှင့် လျော်ညီသော အကျယ်အဝန်းနှင့် Facility ရှိသည့် Design ပုံစံရှိရန် လိုအပ်ကြောင်း၊ အဆင့်မြင့်ဈေးကိုပါ ထည့်သွင်းတည်ဆောက်ရမည့် Design ပုံစံဖြစ်သဖြင့် ဟိုတယ်တွင် လာရောက်တည်းခိုမည့် ဧည့်သည်များနှင့် ဈေးဝယ်လာရောက်ကြမည့် ဧည့်သည်များအတွက် စံနှုန်းနှင့်ကိုက်ညီသော Facility ရှိရန်လိုကြောင်းမှာကြားပြီး စီမံကိန်းမြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။

ထို့နောက် ယာယီသမ္မတ၏လမ်းညွှန်ချက်အရ တည်ဆောက်ရန်လျာထားသည့် ပြင်ဦးလွင်မီးရထား ရိပ်သာနှင့် စက်ခေါင်းစက်ရုံအကြား ဘောလုံးကွင်း အသစ်တည်ဆောက်မည့်မြေနေရာသို့ လည်းကောင်း၊ ရတနာပုံမြို့သစ်စီမံကိန်း၏ ရတနာပုံ Cyber City အဆောက်အအုံများ၊ အိမ်ရာအဆောက်အအုံများ၊ လမ်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ယင်းနောက် ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)သို့ ရောက်ရှိရာ တာဝန်ရှိသူများ၏ ရပ်ကွက်ကြီး (၈) နှင့် ရပ်ကွက်ကြီး(၁၀)တို့ရှိ အဓိက လမ်းမကြီးများအား လမ်းတိုးချဲ့ရန်၊ လမ်းပြုပြင်ရန် နှင့် နိုင်လွန်ကတ္တရာခင်းရန် လျာထားသည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ရတနာလမ်းနှင့် ပြည်သာယာလမ်းများတစ်လျှောက် ကြည့်ရှုစစ်ဆေး သည်။

ဆက်လက်၍ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆) ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် အဝင်လမ်း တစ်လျှောက် ခြံစည်းရိုးနှင့်ကားလမ်းမဘေး လူသွားစင်္ကြံလမ်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ခြံစည်းရိုးများအား ဆေးသုတ်ခြင်းနှင့် ချိန်းလင့်သံဆန်ခါထိပ်ပိုင်းများ၌ သံပြားများ ဖြည့်စွက်တပ်ဆင်ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ နိုင်ငံတော်ယာယီသမ္မတ လာရောက်စစ်ဆေးခဲ့စဉ် လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပန်းပွဲတော်သို့ လာရောက်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။