ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့၏ (၃၇) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီဆိုင်ရာ အစည်းအဝေးသို့တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့၏ (၃၇) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီဆိုင်ရာ အစည်းအဝေးသို့တက်ရောက်
Ministry of Information/ Naypyitaw / December 12, 2025
နေပြည်တော် ဒီဇင်ဘာ ၁၁
CFC ၏ Managing Director Dr. Sheikh Mohammed Belal ၏ ဖိတ်ကြားချက်အရ CFC ဆိုင်ရာ မြန်မာနိုင်ငံ၏ Governor ဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သော ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့ (Common Fund for Commodities-CFC) ၏ (၃၇) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေးသို့ အွန်လိုင်းဖြင့် တက်ရောက်၍ မြန်မာနိုင်ငံကိုယ်စားပြု National State-ment ပြောကြားသည်။
ပြည်ထောင်စု ဝန်ကြီးက National Statement ပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုး ရေး အခြေခံနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ CFC မှထောက်ပံ့ပေးသည့် ချေးငွေ ဖြင့် ရော်ဘာ၊ နို့ထွက်ပစ္စည်းနှင့် အသား၊ ဟင်းသီးဟင်းရွက်၊ ဝါး၊ ငါးလုပ်ငန်းနှင့် သဘာဝမြေသြဇာထုတ်လုပ်ရေး စီမံကိန်းများအား အခြားအာရှပစိဖိတ်နိုင်ငံ ၁၁ နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင် ခဲ့ပြီး အကျိုးကျေးဇူးများစွာ ရရှိခဲ့ သည့်အတွက် CFC ကို ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်ကာလတွင်လည်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တော၊ ငါးလုပ်ငန်း၊ SMEs လုပ်ငန်းများ၊ တန်ဖိုးမြှင့်ထုတ်လုပ် မှုလုပ်ငန်းများ၊ ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးနှင့် စျေးကွက်ဝင်ရောက်ခွင့်အစရှိသည့် ကဏ္ဍစုံတို့တွင် CFC နှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ခေတ်မီပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများ၊ ရာသီဥတုဒဏ်ခံနိုင်သော နည်းပညာများ၊ ကာဗွန်နည်းပါးသော စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ် သတင်းအချက်အလက်စနစ်များနှင့် အန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် စိတ်ဝင်စားမှုရှိကြောင်း၊ CFC က နှစ်စဉ်ထောက်ပံ့ပေးနေသည့် စီမံကိန်းများကိုလည်း မိမိတို့အနေဖြင့် ရယူလိုကြောင်းနှင့် CFC ၏ ၂၀၂၅-၂၀၃၅ မဟာဗျူဟာမူဘောင်ကို ထောက်ခံကြောင်းပြောကြားသည်။
(၃၇) ကြိမ်မြောက် အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံ ၁၀၁ နိုင်ငံ၏ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ မူဝါဒချမှတ်သူများ၊ ဖွံ့ဖြိုးရေးကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် လေ့လာသူနိုင်ငံများမှ ကိုယ်စားလှယ်များ Hybrid စနစ်ဖြင့် တက်ရောက်ခဲ့ကြပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံ၏ Governor များက National Statement ပြောကြားခဲ့ကြောင်းနှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်သံရုံး၏ သံမှူးကြီး ဦးသန့်စင်ဦး ဦးဆောင် သောအဖွဲ့လည်း တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
