ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်/စက်ပစ္စည်းကိရိယာများ ခင်းကျင်းပြသခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြခြင်း ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်/စက်ပစ္စည်းကိရိယာများ ခင်းကျင်းပြသခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြခြင်း ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / December 18, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၇

အင်အားပြင်း မန္တလေးငလျင် ကြီးဖြစ်စဉ်တွင် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရမှုများ အပေါ် သုံးသပ်ချက်၊ သင်ခန်းစာ ဖော်ထုတ်ချက်များအရ မီးသတ်ဦးစီးဌာနတွင် ဖွဲ့စည်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (National Search and Rescue Team)ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအကြံပေးအဖွဲ့ (International Search and Rescue Advisory Group–INSARAG)၏ အသိအမှတ်ပြု Medium Team အဖြစ် ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင်စုဖွဲ့ပြင်ဆင်လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်မှ လိုအပ်သော ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးယာဉ်/စက်ပစ္စည်း ကိရိယာများဝယ်ယူဖြည့်တင်းပေးခဲ့ပြီးဖြစ်သည်။

အဆိုပါ ယာဉ်/စက်ပစ္စည်း ကိရိယာများနှင့်အတူ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ (National Search and Rescue Medium Team)များ၏ ငလျင်ဘေး အန္တရာယ် တုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေး စွမ်းရည် သရုပ်ပြသခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စု နယ်မြေ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရှိ မီးသတ်ဦးစီးဌာန ဗဟိုမီးသတ်စခန်းတွင်ကျင်းပပြု လုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ နေပြည်တော်ဗဟို မီးသတ်စခန်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧည့်သည်တော်များက ခင်းကျင်း ပြသထားသည့် နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ခေတ်မီယာဉ်/စက်ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမြတ်သူက Medium Team နှစ်ခုကို သတ်မှတ်ယာဉ်/စက် ပစ္စည်းများဖြင့် ပြင်ဆင်စုဖွဲ့ လေ့ကျင့်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (National Search and Rescue Medium Team) များက နိုင်ငံတကာသို့ သွားရောက်ကူညီကယ်ဆယ်ရေးဆောင်ရွက်သည့် လုပ်ငန်းစဉ်များကို ဇာတ်တိုက် လေ့ကျင့်မှုပုံစံဖြင့် ဖြစ်စဉ်ဖွင့်ကာ သရုပ်ပြသရာ ဦးစွာအခင်းဖြစ်ပွား နိုင်ငံအနေဖြင့် မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှု သတင်းရရှိ၍ ဒေသခံ Local USAR Team များက ရောက်ရှိနေရာယူပြီး မျက်မြင်လူနာများ ကယ်ထုတ်ခြင်း၊ တည်နေရာအန္တရာယ်ရှိမှုနှင့် ရှာဖွေတွေ့ရှိချက်များကို နိုင်ငံတကာသုံး INSARAG Marking System အသုံးပြု၍ အမှတ်အသား ပြုလုပ်ခြင်း၊ စနစ်တကျမှတ်တမ်းတင်မှု Worksite and Victim Marking ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနရှိ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Myanmar Urban Search and Rescue Team-MUSAR)က သတင်းလက်ခံရရှိ၍ အခင်းဖြစ်နိုင်ငံသို့ ထွက်ခွာခြင်း၊ International Responders များအတွက် Airport-based Reception & Information Gateway ဖြစ်သည့် Reception and Departure Centre - RDC ဖြတ်ကျော်ခြင်း၊ လုပ်ငန်း Area များကို တိတိကျကျ Sectoring & Tasking ဆောင်ရွက်ပေးသည့် (USAR Coordination Cell - UCC)နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ MUSAR Team ၏ စနစ်တကျအခြေပြုနေထိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များဖြစ်သည့် လုပ်ငန်းခွင်စီမံခန့်ခွဲမှု၊ ပစ္စည်းကိရိယာများ၊ ဆေးဝါး၊ စားသောက်ကုန် စီမံထိန်းသိမ်းမှု၊ နေရာချထားမှု (Base of Operations-BoO) လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊ Local USAR Team အဆင့်ဖြင့် ဆောင် ရွက်၍မရသည့် ပိတ်မိနေသူ လူနာများကို MUSAR Team မှ ရှာဖွေ ခြင်း၊ ကယ်ဆယ်ခြင်း၊ ဆေးဝါးကုသ မှုပေးခြင်း၊ OSOCC သို့ သတင်းပို့ခြင်းနှင့် ပြန်လည်ထွက်ခွာခြင်း စသည့် နိုင်ငံတကာရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်များနှင့်အညီ သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

Medium အဆင့်ရှိ USAR Team ၏ စွမ်းဆောင်ရည်မှာ ဘေးအန္တရာယ် ကျရောက်သည့် နေရာများမှ ပိတ်မိ/ပိမိ/ ပျောက်ဆုံးနေသူကို ရှာဖွေရေးခွေးဖြင့်ရှာဖွေခြင်း (Canine Search)နှင့် နည်းပညာအသုံးပြုရှာဖွေခြင်း (Technical Search) တို့ကို ဆောင်ရွက်ရာတွင် လုပ်ငန်းနေရာ (Worksite) တစ်ခုလျှင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကြာချိန် ၂၄ နာရီဖြင့် ခုနစ်ရက်တိုင်တိုင် ဆောင်ရွက်နိုင်ပြီး Medium USAR Team တွင်ပါဝင်သောဆေးအဖွဲ့ အနေဖြင့် ရှာဖွေတွေ့ရှိရသည့် လူနာများကို အရေးပေါ်ဆေးအကူအညီများ ထိရောက်စွာဆောင်ရွက်ပေးနိုင်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ် (Assessment of Search and Rescue) ASR Level-4 အထိ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအကြံပေးအဖွဲ့ International Search and Rescue Advisory Group (INSARAG) Guidelines များနှင့်အညီ မြို့ပြရှာဖွေကယ်ဆယ် ရေးအဖွဲ့ Urban Search and Rescue Team များ ဖွဲ့စည်းနိုင်ခြင်းဖြင့် ပြည်တွင်း၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်မည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာသဘာဝဘေး အန္တရာယ်ဖြစ်စဉ်များတွင်လည်း နိုင်ငံ့ကိုယ်စားပြု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။