ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် သွင်းကုန်၊ ပို့ကုန်နှင့် ခရီးသည်ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် သွင်းကုန်၊ ပို့ကုန်နှင့် ခရီးသည်ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / December 20, 2025
ရန်ကုန် ဒီဇင်ဘာ ၁၉
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရုံးချုပ်ဇေယျာသီဟခန်းမ၌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အကောက်ခွန်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် (National Single Window) အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကုန်ပစ္စည်းရှင်းလင်းထုတ်ယူခြင်းနှင့် ကုန်သွယ်မှုလုပ်ငန်းများအတွက် အရေးပါသောလုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်ကို ပြီးမြောက်အောင် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် အာဆီယံဒေသအတွင်း ကုန်စည်ဆောင်ရွက်မှုများတွင် ချိတ်ဆက်ရမည့် ခေတ်မီကုန်စည်ရှင်းလင်းရေး စနစ်ဖြစ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ လိုအပ်ချက်ဖြစ်ပြီး မိမိတို့အကောက်ခွန်ဌာန၏ ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အကောင်အထည်ဖော်ရန်လိုအပ်ပါကြောင်း။
ပို့ကုန်၊ သွင်းကုန်များ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်စေရေး အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ တရားမဝင်ကုန်စည်များ တင်သွင်းမှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနတွင်းလုပ်ငန်းခွင်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား အရည်အသွေးလုပ်ဆောင်မှု စွမ်းရည်မြင့်မားစေရေးကာလတို ကာလရှည်သင်တန်းများဆောင်ရွက်ပြီး တိုးတက်လာစေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ လူ့စွမ်းအား၊ နည်းပညာနှင့် စက်ကိရိယာများကိုလည်း ပြည့်စုံစွာ စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်သွင်းကုန် (Air Cargo Terminal)သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း အကောက်ခွန်ဦးစီးဌာနမှ သွင်းကုန်၊ ပို့ကုန်နှင့် ခရီးသည်များ ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ Yangon Aerodrome Co.,Ltd. (YACL) နှင့် Sky Cargo Terminal (SCT) မှ တာဝန်ရှိသူများက လေဆိပ်၌ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် Yangon Aerodrome Co.,Ltd.(YACL) နှင့် လေဆိပ် (OSS) Sky Cargo Terminal တို့၏ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
