ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 20, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) ရှိ IoT Lab ခန်း၊ Pneumatics & Electro-Pneumatics Lab ခန်း၊ Factory Automation Lab ခန်း၊ Applied Machine Learning Lab ခန်း၊ CNC Lab ခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)တို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိသည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်းများ၏ သင်တန်းခန်းများ၊ သင်ရိုးညွှန်းတမ်းများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးသည်။

ယင်းနောက် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ များ၊ MRF မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရာ ကျောင်းအုပ်ကြီးက စက်မှုနည်းပညာလေ့ကျင့် သင်ကြားရေးသင်တန်းကျောင်း(SITE)၏ ကျောင်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက Industry demand နှင့် ကိုက်ညီသည့် ကာလတိုသင်တန်းများဖွင့်လှစ်နိုင်ရေး၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည့်နည်းပညာသစ်များအား ပြောင်းလဲဆောင်ရွက်နိုင်ရေး၊ Master plan ချမှတ်၍ ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများနေထိုင်ရေး အခက်အခဲမရှိရအောင် လျာထား‌ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနမှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပို့ကုန်သွင်းကုန်ဆိုင်ရာ ဓာတုပစ္စည်းကုန်ကြမ်းကုန်ချောများ တိုင်းတာစစ်ဆေးခြင်းကို ဝန်ဆောင်မှုပေးနေသည့် အမျိုးသားဓာတ်ခွဲခန်း (National Analytical Laboratory)၏ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိအောင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဓာတ်ခွဲတိုင်းတာမှု ဝန်ဆောင်မှုများပေးနေသည့် (Arc Spark OES Laboratory) ဓာတ်ခွဲခန်း၊ အစားအစာတီထွင်ဆန်းသစ်မှုစင်တာ (Food Innovation Center)၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲခန်းစင်တာ (Food Safety Analysis Center) ၊ တိကျစွာတိုင်းတာခြင်းသိပ္ပံရှိ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိသည့် ဓာတ်ခွဲခန်းများ၏ ဓာတ်ခွဲတိုင်းတာမှုဝန်ဆောင်မှုများနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း(၂၀၂၂)ဖြင့် တည်ထောင်ထားသော နေရောင်ခြည်စွမ်းအင်ပြခန်းတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ဆရာ ဆရာမများအား တွေ့ဆုံပြီး ထိရောက်အကျိုးရှိသော သင်ကြားသင်ယူမှုများ အဆင်ပြေချောမွေ့စွာဆောင်ရွက် နိုင်ရေးမှာကြားကာ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဆက်လက်၍ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တီထွင်ဖန်တီးမှုများနှင့် သုတေသနလုပ်ဆောင်မှုများသည် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျကျ အကျိုးပြုနိုင်ရေး ဦးတည်ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် စဉ့်ကူဆောင်နှင့် သဇင်ဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်၌ စာသင်ခန်းများအလိုက် အေးချမ်းစွာပညာသင်ကြားလျက်ရှိကြသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။

ဆက်လက်၍ ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တင်ပြမှုများအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဘောလုံးကွင်းနှင့် အားကစားခန်းမတို့၌ အားကစားဆောင်ရွက်နေကြသော ကျောင်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။