ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနှင့် ရေကူးကန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနှင့် ရေကူးကန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 24, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနှင့် ရေကူးကန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အထူးတန်းပွဲကြည့်စင် ပြန်လည်ပြုပြင်နေမှု၊ VIP အခန်းမှန်များတပ်ဆင်ထားမှု၊ ဘောလုံးကွင်းဘေးပတ်လည် Synthetic ပြေးလမ်းအခင်းခွာထုတ်ပြီးစီးမှု၊ ဘောလုံးကွင်းအတွင်းရှိ မြက်ခင်းများ စိမ်းလန်းစိုပြည်စေရေးအတွက် ရေဖျန်း စနစ် (Field Sprinkler) များကို ပေးပို့သည့် ရေတွန်းမော်တာစက်ခန်း ကောင်းမွန်စွာလည်ပတ်နေသည့်အခြေအနေ၊ ဘောလုံးကွင်းပတ်လည် ရေနုတ်မြောင်း ပြုပြင်နေမှု၊ ဒိုင်လူကြီးများ နားနေခန်း၊ အားကစားသမားများ အဝတ်လဲခန်းနှင့် Media ခန်း ပြုပြင်နေမှုနှင့် အခန်းနံရံပလာစတာ ဖာထေးပြုပြင်ပြီးစီးမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်/ စံညွှန်းပြည့်မီပြီး အချိန်မီတည်ဆောက်ပြီးစီးစေရေးတို့အတွက် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများကို စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ မီတာ ၅၀ ပြိုင်ပွဲသုံး ရေကူးကန်နှင့် ဒိုင်ဗင်ကန်အောက်ခံကြမ်းခင်းနှင့် ဘေးပတ်လည် ကြွေပြားအသစ် ပြန်လည်ပြုပြင်နေမှုနှင့် ရေကူးကန်များ ရေလဲလှယ်သည့် မြေအောက်စက်ခန်းပြုပြင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အပြင်ဘက် လေ့ကျင့်ရေး ရေကူးကန်တွင် နွေရာသီရေကူးသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းပိတ်ရက်အမီ ပြီးစီးနိုင်ရေး အထူးအလေးထားဆောင်ရွက်သွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးစေရေးအတွက် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့် စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ပေးသွားရန် လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် ဘာသာရပ်ဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာအုပ်များ လှူဒါန်းပေးအပ်ပွဲကို တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) နှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအေးမြင့်ကြူ (ကလောင်အမည် - ချစ်ဆွေမြင့်) ရေးသားသည့် “ဒေသ Tourism ဖွံ့ဖြိုးရေး အမေးအဖြေများ” စာအုပ်များကို လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စာရေးသူကိုယ်စား စာအုပ် များအား လွှဲပြောင်းပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူး တင်စကားပြောကြားသည်။

ယခုလှူဒါန်းသည့် “ဒေသ Tourism ဖွံ့ဖြိုးရေး အမေးအဖြေများ” စာအုပ်များသည် တက္ကသိုလ်များရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်ဘာသာရပ်များ လေ့လာနေသူများအတွက် အခြေခံအကိုးအကား စာအုပ်များဖြစ်ပြီး အထူးသဖြင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုဆိုင်ရာဘွဲ့ (Bachelor of Tourism and Hospitality Management-BTHM) ကျောင်းသား ကျောင်းသူများအတွက် သင်ခန်းစာအထောက်အကူပြုစေရန် အဓိကရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။