ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မူလဓာတုဗေဒဓာတ်ခွဲခန်း တည်ဆောက်ပြီးစီးမှုအခြေအနေ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မူလဓာတုဗေဒဓာတ်ခွဲခန်း တည်ဆောက်ပြီးစီးမှုအခြေအနေ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 24, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၃

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အင်းစိန်မြို့နယ်ရှိ သုတေသနဌာနဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသည့် မူလဓာတုဗေဒဓာတ်ခွဲခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက မူလဓာတုဗေဒဓာတ်ခွဲခန်း တည်ဆောက် ပြီးစီးမှုနှင့် စက်ပစ္စည်းများတပ်ဆင်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတုဗေဒပစ္စည်းများကို အမြန်ဆုံးစမ်းသပ်စစ်ဆေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဓာတုဗေဒပစ္စည်းများကို စမ်းသပ်စစ်ဆေးမည့်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ကို မြှင့်တင်ပေးရန်၊ မူလဓာတုဗေဒဓာတ်ခွဲခန်း၌ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို စနစ် တကျ ရေးဆွဲဆောင်ရွက်သွားရန်၊ ဓာတုဗေဒပစ္စည်းများကို စမ်းသပ်စစ်ဆေးမည့် ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်ရန်မှာကြားပြီး မူလဓာတုဗေဒဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်ရေးအတွက် ဓာတုပစ္စည်းများ၊ အဏုဇီဝပိုးမွှားများအား စစ်ဆေးနိုင်မည့် စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မူလဓာတုဗေဒဓာတ်ခွဲခန်းကို သက်ရှိများနှင့် သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များအပေါ် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများမှ ဖြစ်ပေါ်လာသော ထိခိုက်မှုနှင့် အန္တရာယ်ကိုကာကွယ်ရန်၊ ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများနှင့်သက်ဆိုင်သည့် မြန်မာနိုင်ငံက အတည်ပြုလက်ခံထားသော အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်များနှင့် ပြည်တွင်းလိုအပ်ချက်များအရ ဓာတုပစ္စည်းများ၏ အန္တရာယ်အဆင့်အပေါ်မူတည်၍ တားမြစ်ဓာတုပစ္စည်းနှင့် ကန့်သတ်ဓာတုပစ္စည်းစာရင်း ထုတ်ပြန်ရန်၊ “ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်းဆိုင်ရာအမိန့်” အရ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ခြင်းအပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးအတွက် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်စေရန်၊ ဓာတုဗေဒပညာရပ်ကို မှားယွင်းအသုံးပြုမှု မရှိစေရန်အတွက် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်လမ်းညွှန်ရန်နှင့် လုပ်ငန်းရှင်များအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် သက်ဆိုင်သော သင်တန်းများနှင့် အသိပညာပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

မူလဓာတုဗေဒဓာတ်ခွဲခန်းအနေဖြင့် Heavy Metal Element များ၊ ဓာတုပစ္စည်းများကို ဓာတ်ငွေ့အဖြစ် ပြောင်းလဲစေပြီး ဒြပ်ပေါင်းအမျိုးအစားနှင့် ပါဝင်မှုပမာဏကိုတိုင်းတာခြင်း၊ အဏုဇီဝပိုးမွှားများစသည်တို့ကို စမ်းသပ်စစ်ဆေးနိုင်ပြီး မူလဓာတုဗေဒဓာတ်ခွဲခန်းထူထောင်ခြင်းဖြင့် ပြည်ပမှတင်သွင်းလာ မည့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများကို စနစ်တကျ ဓာတ်ခွဲတိုင်းတာ စစ်ဆေးပေးနိုင်ခြင်းအားဖြင့် သက်ရှိများ၏ အသက်အန္တရာယ်နှင့် ပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ဂေဟစနစ်အပေါ် ဆိုးရွားသောထိခိုက်မှုများ လျော့နည်းစေခြင်း၊ ဓာတုပစ္စည်းများ၏ အန္တရာယ်အဆင့်အပေါ်မူတည်၍ တားမြစ်ဓာတုပစ္စည်းနှင့် ကန့်သတ်ဓာတုပစ္စည်းစာရင်း ထုတ်ပြန် ပေးခြင်းဖြင့် ဆိုးရွားသည့်ထိခိုက်မှုများကို ကာကွယ်ပေးနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်း များကို ကြီးကြပ်ခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ပါးစေခြင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်လမ်းညွှန်ခြင်း၊ လုပ်ငန်းရှင်များအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်သက်ဆိုင်သော သင်တန်းများနှင့် အသိပညာပေးခြင်းဖြင့် ဓာတုဗေဒပညာရပ်ကို မှားယွင်းအသုံးပြုမှု မရှိစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနဌာနအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သုတေသနဌာနအနေဖြင့် ဆေးဝါးအမယ်သစ်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ထုပ်ပိုးမှုစနစ်များကိုလည်း ခေတ်မီဒီဇိုင်းနည်းပညာများဖြင့် ဈေးကွက်အတွင်း ထိုးဖောက်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်၊ ပြည်သူများ ကျန်းမာရေးအတွက် သုံးစွဲမှုများပြားသည့် ဆေးဝါးများကို လုံလောက်စွာ ဝယ်ယူအသုံးပြုနိုင်ရေး လိုအပ်ချက်ပြည့်မီအောင် တိုးမြှင့်ထုတ်လုပ်ပေးသွားရန်၊ MSME ထုတ်ကုန်ပစ္စည်းများကိုလည်း စစ်ဆေးပေးသွားရန်နှင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကိုလည်း အများပြည်သူ၏ ကျန်းမာရေး ထိခိုက်မှုမရှိစေရေး လိုအပ်သလို စစ်ဆေးပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။