ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ (B) နှင့် ဖူဆယ်အားကစားရုံတို့ ပြန်လည်ပြုပြင်နေမှု ကြည့်ရှု
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ (B) နှင့် ဖူဆယ်အားကစားရုံတို့ ပြန်လည်ပြုပြင်နေမှု ကြည့်ရှု
Ministry of Information/ Naypyitaw / December 25, 2025
နေပြည်တော် ဒီဇင်ဘာ ၂၄
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ (B) နှင့် ဖူဆယ်အားကစားရုံတို့အား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အားကစားရုံ (B) ရှိ Aircon Chilar စက်ခန်းများ၊ Aircon ပိုက်လိုင်းများ၊ Aircon Chilar စက်ခန်းများတွင် စက်ပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိမှု၊ အသံစက်ပိုင်း (Sound System) ကောင်းမွန်ရန် အုတ်နံရံပတ်လည်အတွင်း၊ အပြင်ပြုပြင်ပြီးစီးမှုအခြေအနေနှင့် ပွဲကြည့်စင်များ၊ ရေလိုင်း၊ မီးလိုင်းသွယ်တန်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး အားကစားရုံများတွင် ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်းစာအုပ် (Log Book) စနစ်တကျထိန်းသိမ်းထားရှိရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဖူဆယ်အားကစားရုံ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အားကစားရုံရေရှည်တည်တံ့စေရေး၊ သဘာဝဘေးအန္တရာယ်ခံနိုင်စေရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်၊ Portico အဝင်လမ်းများ ကောင်းမွန်စေရေးနှင့် အားကစားရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
