ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပြင်ဦးလွင်-ဂုတ်ထိပ်ရထားလမ်းပိုင်းနှင့် ရှေးဟောင်းသမိုင်းဝင် ဂုတ်ထိပ်တံတားကြံ့ခိုင်မှုအခြေအနေ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပြင်ဦးလွင်-ဂုတ်ထိပ်ရထားလမ်းပိုင်းနှင့် ရှေးဟောင်းသမိုင်းဝင် ဂုတ်ထိပ်တံတားကြံ့ခိုင်မှုအခြေအနေ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 26, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် RBE ရထားဖြင့် ပြင်ဦးလွင်- ဂုတ်ထိပ်ကြားရှိ ရထားလမ်းပိုင်းနှင့် ရှေးဟောင်းသမိုင်းဝင် ဂုတ်ထိပ်တံတားကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် RBE ရထားဖြင့် ပြင်ဦးလွင်- ဂုတ်ထိပ်ရထားလမ်းပိုင်း အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လမ်းပိုင်းအတွင်းရှိ ရထားလမ်းနှင့်တံတားများ ကြံ့ခိုင်မှုရှိစေရေး၊ ဘူတာများသန့်ရှင်းသာယာလှပစေရေးနှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဂုတ်ထိပ်တံတားထိပ်သို့ရောက်ရှိရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်ဖြစ်သည့် ဂုတ်ထိပ်တံတား၏ထောက်တိုင်အောက်ခြေများ ကြံ့ခိုင်ရေးဆောင်ရွက်ထားမှု၊ ပြင်ဦးလွင်- ဂုတ်ထိပ်-ကျောက်မဲ-သီပေါလမ်းပိုင်းအား တောချုံခုတ်ခြင်း၊ လမ်းပိုင်း ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် တံတားဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သစ်သားဇလီဖားတုံးများအစား ပိုလီဖိုက်ဘာပလပ်စတစ်ဇလီဖားတုံးများဖြင့် လဲလှယ်တပ်ဆင်ရမည့်အခြေအနေ၊ သံလမ်းဆက် Bolt and Nut များ၊ သံလမ်းထိန်းကလစ်များအား နေ့စဉ်ကြံ့ခိုင်ရေးစစ်ဆေးရန်၊ တံတားကြံ့ခိုင်ရေးအတွက် မီးရထားဌာန လမ်းတံတား အင်ဂျင်နီယာများက သုံးလတစ်ကြိမ်စစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်ရန်များရှိက ချက်ချင်းပြင်ဆင်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် RBE ရထားဖြင့် ခရီးသွားပြည်သူများ သဘာဝပတ်ဝန်းကျင်အလှအပများနှင့် ဂုတ်ထိပ်တံတားကို ရှုမြင်နိုင်သောရှုမျှော်ခင်းကြည့်နေရာသို့ သွားရောက်၍ လာရောက်လည်ပတ်ကြသည့် ခရီးသွားပြည်သူများ သဘာဝရှုခင်းများကို အဆင်ပြေစွာကြည့်ရှုနိုင်ရေး ရှုမျှော်ခင်းကြည့်နေရာကို စနစ်တကျဆောင်ရွက်ပေးရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။