ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 26, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၄)လမ်းမကို(၈)လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်တိုးချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ လမ်းမကြီးနှင့်လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်း ဆောင်ရွက်ပြီးစီးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ်သို့ ရောက်ရှိရာ အမှတ်(၄)လမ်းမကို (၈) လမ်းသွားလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်တိုးချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသော ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများကို လမ်းမကြီးနှင့်လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဒညင်းကုန်းလမ်းဆုံ မီးရထားသံလမ်းအနီးရှိ ၆၆ ကေဗွီ လှော်ကား-ရွာမသံမဏိဓာတ်အား လိုင်းတိုင်များပြောင်းရွှေ့တည်ဆောက်နေမှု၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အနော်ရထာလမ်းမှ ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်လမ်းအဝိုင်းအထိ ဧရာဝတီလမ်း တစ်လျှောက်ဆက်သွယ်ရေး ဖိုက်ဘာကေဘယ်လိုင်းများ ပြောင်းရွှေ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှု၊ အနော်ရထာစက်မှုဇုန် ဧရာဝတီလမ်းမကြီးပေါ်ရှိ ရှုပ်ထွေးဓာတ်အားလိုင်းကြိုးများ ရှင်းလင်းပြီးစီးမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျန်ရှိသည့် ဓာတ်အားလိုင်းများ ဖြုတ်သိမ်းခြင်းနှင့် ရွှေ့ပြောင်းတည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေးစနစ်တကျဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းအဟောင်း ပြန်လည်ဖြုတ်သိမ်းခြင်းမှ ဆယ်တင်ပစ္စည်းများကို စနစ်တကျစာရင်းပြုစုသိမ်းဆည်း ထားရှိရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီ လှိုင်သာယာ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး Switch Yard အတွင်း ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဓာတ်အားထိန်းညှိဖြန့်ဖြူးပေးထားမှုအခြေအနေ၊ လှိုင်သာယာ စက်မှုဇုန်သို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အား လက်ခံပို့လွှတ်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

မှာကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဓာတ်အားခွဲရုံအစည်း အဝေးခန်းမတွင် တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးမှုဆိုင်ရာ အချက်အလက်များနှင့် လှိုင်သာယာစက်မှုဇုန်သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လှိုင်သာယာ ပင်မဓာတ်အားခွဲရုံ သည် အများပြည်သူနှင့် လှိုင်သာယာစက်မှုဇုန်သို့ ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးပေးနေသည့် ဓာတ်အားခွဲရုံကြီးဖြစ်ပြီး ဓာတ်အား စဉ်ဆက်မပြတ်ပို့လွှတ် ဖြန့်ဖြူးပေးနေသည့်အတွက် ဓာတ်အားခွဲရုံရှိ ဓာတ်အားလွှတ်ပစ္စည်းများ ချို့ယွင်းမှုဖြစ်၍ ဓာတ်အားပြတ်တောက်ရခြင်းမျိုး မဖြစ်ပေါ်စေရန်အတွက် ဓာတ်အား ခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ အစဉ်အမြဲကြံ့ခိုင်ကောင်းမွန်နေစေရန် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို စနစ်တကျ ပုံမှန်စစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံအတွင်း/အပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများသက်သာချောင်ချိရေး ဓာတ်အားခွဲရုံ မြေနေရာလွတ်များတွင် သီးပင်၊ စားပင်များ စိုက်ပျိုးသွားရန်၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်း ပြုပြင် ဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်သွားရန်၊ ဝန်ထမ်းများ ငွေကြေးသုံးစွဲမှုကို ခြိုးခြံချွေတာသုံးစွဲသွားရန်၊ လျှပ်စစ်မီးနှင့် ရေသုံးစွဲမှုကိုလည်း ချွေတာသုံးစွဲသွားရန်၊ ယခုဒီဇင်ဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကြီးကျင်းပမည်ဖြစ်၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများမှဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး အပြည့်အဝမဲပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးသွားရန်နှင့် မိမိတို့ဒေသ၊ မိမိတို့မြို့နယ်၊ မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည့် ပုဂ္ဂိုလ်များကို ရွေးချယ်မဲပေးသွားရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။