ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်တောဦးစီးဌာန၏ ထူးချွန်ဆုများနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ ဆုများချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်တောဦးစီးဌာန၏ ထူးချွန်ဆုများနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ ဆုများချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / December 31, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ စိုက်ခင်းထူးချွန်ဆု၊ တရားမဝင်သစ်ဖမ်းဆီးမှု ထူးချွန်ဆု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသင်တန်း ထူးချွန်ဆုများနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲဆုများ ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ၃၁-၁၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၄ မိုးရာသီတွင် နိုင်ငံပိုင်စီးပွားရေးစိုက်ခင်း ၈,၁၆၀ ဧက အပါအဝင် သစ်တောစိုက်ခင်း စုစုပေါင်း ၁၃,၉၈၆ ဧကကို တည်ထောင်စိုက်ပျိုးခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် ကြိုးစားအားထုတ်မှု ရှိမှသာ စိုက်ခင်းလုပ်ငန်းစဉ်များ အချိန်မီပြီးစီးပြီး အောင်မြင်သော သစ်တောစိုက်ခင်းများ ဖြစ်လာမှာ ဖြစ်ကြောင်း၊ အလားတူ သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့စေရန်နှင့် သစ်နှင့်သစ်တော ထွက်ပစ္စည်းများ တရားမဝင် ထုတ်လုပ်မှု လျော့နည်းပပျောက်စေရေးအတွက် နည်းလမ်း ၈ သွယ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ တရားမဝင်သစ် ၄,၀၈၈ တန် ဖမ်းဆီး ရမိခဲ့ကြောင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် တရားမဝင်သစ် ဖမ်းဆီးရေး လုပ်ငန်းများသည် သစ်တောကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွင် အရေးကြီးသော အခန်းကဏ္ဍ ဖြစ်သည့်အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် တက်ရောက်ရသော ဝန်ထမ်းများအနေဖြင့်လည်း သတ်မှတ်ထား သော စည်းကမ်းများကို လိုက်နာပြီး ကြိုးစားအားထုတ်သွားရန် တိုက်တွန်းပါကြောင်းနှင့် နှစ်သစ်တွင် ဝန်ထမ်းမိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ မိမိအကျိုး၊ ဌာနအကျိုး၊ တိုင်းပြည်အကျိုး၊ ဘာသာ သာသနာအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းထူးချွန် ပထမဆု၊ တရားမဝင်သစ် ဖမ်းဆီးရရှိမှု ပထမဆု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် သင်တန်းသား/သင်တန်းသူ စံပြဆုရသူများ၊ စာရင်းကိုင် နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အဆင့် ၁၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ ပထမဆုနှင့် ဘောလုံးပြိုင်ပွဲ ပထမဆုရရှိသူများအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူက ဒုတိယဆု ရရှိသူများအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အခြားထူးချွန် ဆုများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။