ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ပွဲတက်ရောက်


Ministry of Information/ Naypyitaw / January 05, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၄

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းနှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပျဉ်းမနားခရိုင် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ယနေ့ ပွဲစဉ်များအဖြစ် (မီတာ ၅၀၊ မီတာ ၁၀၀ အပြေးနှင့်လက်ဆင့်ကမ်း)၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ယုန်ခုန်ပြေး၊ အာလူးကောက်၊ အိတ်စွပ်ပြေး၊ အပ်ချည်ထိုး၊ ဆန်ကောရွက်၊ သံပုရာသီးဇွန်းကိုက်၊ ခြေပူးပြေးပြိုင်ပွဲများတွင် Grade- 1 မှစ၍ Grade-12 တို့မှ ကျောင်းသား ကျောင်းသူလေးများက ပျော်ပျော်ပါးပါးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအားဆက်လက်ကျင်းပရာ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ပွဲစဉ်များတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူလေးများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် ဦးဖြိုးဇော်စိုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆုငွေများပေးအပ်ချီးမြှင့်ကြသည်။

အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကဦးဆောင်ပြီး ဇေယျသိဒ္ဓိရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကဦးဆောင်ပြီး အကွက်ကြီး (၁) ဘူးကွဲရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကဦးဆောင်ပြီး အကွက်ကြီး(၂)ဘူးကွဲရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနကဦးဆောင်ပြီး အကွက်ကြီး (၃)ဘူးကွဲရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ဦးဆောင်ပြီး အကွက်ကြီး(၄) ဘူးကွဲရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနကဦးဆောင်ပြီး အကွက်ကြီး (၅) ဘူးကွဲရှိ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနကဦးဆောင်ပြီး သပြေကုန်းရှိ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်း၌လည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကဦးဆောင်ပြီး ရွာတော်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတို့၌လည်းကောင်း ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းများတွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ပွဲများကို အောင်မြင်စွာကျင်းပပြုလုပ် နိုင်ရေးအတွက်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားကျွမ်းကျင်သည့် အားကစားမှူး (နည်းပြ) များကို စနစ်တကျတာဝန်ပေးအပ်၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။