ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရွှေကြာပင်အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရွှေကြာပင်အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 06, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၅

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်းဖြစ်သည့် ရွှေကြာပင်အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းဂျပန်မြက်များ ပြန်စိုက်နိုင်ရေးအတွက် ကွင်းမြေညှိခြင်း၊ မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းကျင်းခြင်းနှင့် မိုးလုံလေလုံအားကစားရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပင်မအားကစားကွင်းဖြစ်သည့် ရွှေကြာပင်အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းပျက်စီးခဲ့မှုများကို အမြန်ဆုံးအချိန်မီပြန်လည် ပြင်ဆင်နိုင်ရေး၊ ကြိုတင်ပျိုးထောင်ထားသည့် ဂျပန်မြက်များကို အချပ်လိုက်ပြန်ကပ်ပြီး စိုက်ပျိုးနိုင်ရေးအတွက် ကွင်းမြေညှိခြင်း၊ ဘောလုံးကွင်းသဲခင်းခြင်းနှင့် ရေဖျန်းစနစ်(Field Sprinkler)များအတွက် ရေပိုက်များအမြန်တပ်ဆင်ပြီးစီးရေး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မီတာ ၄၀၀ Synthetic ပြေးလမ်းအသစ်ပြန်လည် ခင်းကျင်းနိုင်ရေးအတွက် ပျက်စီးသွားသည့် ယခင်ပြေးလမ်းအဟောင်း ကွန်ကရစ်ခင်းခြင်းပြီးစီးမှု၊ ပေ (၄၈၀x၆၀) အနောက်ဘက် အထူးတန်းပွဲကြည့်စင်နှင့် ပေ (၁၈၀x၁၅၀) မိုးလုံလေလုံအားကစားရုံ ရှေ့မျက်နှာစာ Composite အပြားများ အမြန်တပ်ဆင်ပြီးစီးရေး၊ ပွဲကြည့်စင်များ၊ နံရံများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရေလိုင်း၊ မီးလိုင်းစနစ်များ ကောင်းမွန်စေရေးနှင့် LED ဘုတ်ပြားများ ပြန်လည်ပြုပြင်ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရှင်းလင်း‌ဆောင်၌ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက Synthetic ပြေးလမ်းအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးတို့အတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားကာ အားကစားကွင်းစိမ်းလန်းစိုပြည်စေရေးအတွက် ချုံနွယ်များ ရှင်းလင်းခြင်းနှင့် ပုံမှန်မြက်ဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။