ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး


Ministry of Information/ Naypyitaw / January 07, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၆

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်သည့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခြင်းကို ကြိုဆိုထောက်ခံကြောင်းပြောကြားပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းရေး အတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁) အောင်မြင်စွာကျင်းပပြီးစီးမှု အခြေအနေနှင့် ရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တို့ကို အောင်မြင်စွာဆက်လက်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် အွန်လိုင်း လိမ်လည်မှုများ တိုက်ဖျက်ရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဖိလစ်ပိုင်နိုင်ငံသားများအပါအဝင် အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်(၇၀)ကာလအတွင်း ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ထောင်ထားရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်များတွင် အပြန်အလှန် အားပေးကူညီမှုများရှိခဲ့ကြောင်း၊ မကြာသေးမီက မန္တလေးငလျင်နှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်၍ ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၁)တွင် ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်သံရုံးမှ ကိုယ်စားလှယ်များ စေလွှတ်ပေးခဲ့မှုနှင့် ရွေးကောက်ပွဲကို စနစ်တကျအောင်မြင်စွာ ကျင်းပနေမှုကို အသိအမှတ်ပြုပြောကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာ၌ အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းပြောကြားချက်များကိုသိရှိ မှတ်သားရကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုများတွင် အပြုသဘောပူးပေါင်း ဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ၎င်း၏ခရီးစဉ်သည် အာဆီယံဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင် နိုင်ငံက စတင်တာဝန်ယူပြီးနောက် ပထမဆုံးလာရောက်သည့် မိတ်ဆက်ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုမှ တစ်ဆင့်လူကုန်ကူးခံရသည့် ဖိလစ်ပိုင်နိုင်ငံသားများကိုကယ်တင်၍ ပြန်လည်လွှဲပြောင်းပေးသည့် အတွက် မြန်မာအစိုးရအား ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်သည့် ကဏ္ဍများကို ဆွေးနွေးပြောကြားသည်။

တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား နေပြည်တော်ရှိ Park Royal ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။