ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ


Ministry of Hotel & Tourism/ နေပြည်တော် / January 14, 2026


မြစ်ကြီးနား ၊ဇန်နဝါရီ ၁၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနတို့အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အားကစားကဏ္ဍနှင့် ပတ်သက်၍ မြန်မာ့အားကစား အဆင့်အတန်း ပြန်လည်ဦးမော့ တိုးတက်မြင့်မားရေးအတွက် လိုအပ်နေသည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ပေါက်လာစေရန် လူရွေးချယ်ရေး၊ လေ့ကျင့်ရေးနှင့်အောင်နိုင်ရေး တို့အတွက် စနစ်တကျစီမံကိန်းရေးဆွဲဆောင်ရွက်ရန်၊ အားကစားအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့တည်ဆောက်သွားရန်နှင့် လူငယ်များအားကစား ဝန်းကျင်ကောင်း ရရှိစေရေးအားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ မဟာဗျူဟာများ ချမှတ်ခြင်း၊ မြန်မာ့အမွေအနှစ်နှင့် သဘာဝအလှများကို ကမ္ဘာ့အဆင့်မီ ထုတ်ဖော်ပြသခြင်း၊ ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ခြင်း နှင့် ဒေသခံများ အကျိုးပြုနိုင်သော ခရီးသွားလုပ်ငန်းများဖြစ်ထွန်းအောင် ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် ဌာနနှင့် နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို ပြဋ္ဌာန်းထားရှိသော ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ကျေပွန်စွာဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်စီးပွား‌ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ပေါ်ရှိ ရတနာတက်ချမ်းဟိုတယ်နှင့် မြစ်ဆုံဟိုတယ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ လုံခြုံရေးကိစ္စနှင့် ထူးခြားဖြစ်စဉ်များ မပေါ် ပေါက်စေရန် သတိပြုဆောင်ရွက်ရေး၊ ဧည့်စာရင်းများ စနစ်တကျတိုင်ကြား ရေး၊ CCTV စနစ်များ စနစ်တကျတပ်ဆင်၍ မှတ်တမ်းတင်ထားရှိရေး၊ လာရောက်တည်းခိုသောဧည့်သည်များ စိတ်ကျေနပ်မှုရှိစေရန်အတွက် ကောင်းမွန်ပြည့်စုံသော ဝန်ဆောင်မှုကောင်းများပေးဆောင်၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ အတိုင်း အထူးအလေးထားလိုက်နာကျင့်သုံးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From:KyeMon

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။