ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ ကရဝိတ်နန်းတော် စားသောက်ခန်းမနှင့် Rose Garden Hotel တို့၏ လုပ်ငန်းဆောင်ရွက်မှုကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ ကရဝိတ်နန်းတော် စားသောက်ခန်းမနှင့် Rose Garden Hotel တို့၏ လုပ်ငန်းဆောင်ရွက်မှုကြည့်ရှုစစ်ဆေး
Ministry of Hotel & Tourism/ နေပြည်တော် / January 14, 2026
နေပြည်တော်၊ ဇန်နဝါရီလ ၁၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မီစေရေးတို့အတွက် ယနေ့တွင် ရန်ကုန် မြို့ရှိ ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းထားသည့် ကရဝိက်စားသောက်ခန်းမနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဟိုတယ်တစ်လုံးဖြစ်သည့် Rose Garden Hotel တို့အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားသော ကရဝိတ် နန်းတော် စားသောက်ခန်းမကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းပြည်ပ ဧည့်သည်များကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝန်ဆောင်မှုကောင်းများ ပေးအပ်နိုင်ရေး အမြဲကြိုးစားဆောင်ရွက် နေရမည်ဖြစ်ပါကြောင်း၊ ခေတ်နှင့်လျော်ညီစွာ မြန်မာ့ရိုးရာနှင့် တိုင်းရင်းသား အစားအစာများကို ဆန်းသစ်သောပုံံစံ၊ ထူးခြားခမ်းနားသော တည်ခင်းမှုမျိုးဖြင့် ကျန်းမာရေးနှင့် ညီညွတ်စွာ ချက်ပြုတ်ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ စားသောက်ခန်းမနှင့် ဧည့်သည်များ ဘေးကင်းလုံခြုံစေရေး၊ ကရဝိတ်နန်းတော်အနေဖြင့် ကန်တော်ကြီးဥယျာဉ်နှင့်ဆက်စပ်၍ သဘာဝ အခြေခံခရီးသွားလုပ်ငန်း (Eco-tourism)၊ ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်း (Cultural Tourism)၊ အစားအစာဖြင့် ဆွဲဆောင်သည့် ခရီးသွားလုပ်ငန်း (Gastronomy Tourism) စသည့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် အထောက်အကူပြုနိုင်အောင် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ပါကြောင်းမှာကြားပါသည်။
ယင်းနောက် အထက်ပန်းဆိုးတန်းလမ်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ် (Foreign Direct Investment Hotel) တစ်လုံးဖြစ်သည့် Rose Garden Hotel သို့ သွားရောက်၍ ဟိုတယ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို စစ်ဆေးကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ဟိုတယ်အနေဖြင့် နိုင်ငံတကာအဆင့်မီဝန်ဆောင်မှုများ ပေးနေသည်ကို မျက်မြင်တွေ့ရှိပါကြောင်း၊ အနာဂတ်တွင် ယခုထက်ပိုမို၍ ဝန်ဆောင်မှုကောင်းမွန်လာစေရေး မြန်မာ့ဧည့်ဝတ်ကျေပွန်မှုပုံစံကို အလေးထား ဖော်ဆောင်ရန်၊ မြန်မာ့ရိုးရာ အစားအစာများကို အဆင့်မြှင့်တင်၍ ချက်ပြုတ် တည်ခင်းဧည့်ခံကျွေးမွေးပြီး Gastronomy Tourism အတွက် အထောက်အကူပြုနိုင်ရန်နှင့် ခရီးသွားဧည့်သည်များ စိတ်ကျေနပ်မှုရရှိစေရေး ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်တို့ကို ကြိုးစား ဆောင်ရွက်စေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Source From:KyeMon
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
