ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ ကရဝိက်နန်းတော် စားသောက်ခန်းမနှင့် Rose Garden Hotel တို့၏ လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ ကရဝိက်နန်းတော် စားသောက်ခန်းမနှင့် Rose Garden Hotel တို့၏ လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 14, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မီစေရေးတို့အတွက် ယနေ့တွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းထားသည့် ကရဝိက်စားသောက်ခန်းမနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်တစ်လုံးဖြစ်သည့် Rose Garden Hotel တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မှာကြား

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားသော ကရဝိက်နန်းတော် စားသောက်ခန်းမကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းပြည်ပ ဧည့်သည်များကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝန်ဆောင်မှုကောင်းများ ပေးအပ်နိုင်ရေး အမြဲကြိုးစားဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း၊ ခေတ်နှင့်လျော်ညီစွာ မြန်မာ့ရိုးရာနှင့် တိုင်းရင်းသားအစားအစာများကို ဆန်းသစ်သောပုံစံ၊ ထူးခြားခမ်းနားသော တည်ခင်းမှုမျိုးဖြင့် ကျန်းမာရေးနှင့် ညီညွတ်စွာချက်ပြုတ်ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ စားသောက်ခန်းမနှင့် ဧည့်သည်များ ဘေးကင်းလုံခြုံစေရေး၊ ကရဝိက်နန်းတော်အနေဖြင့် ကန်တော်ကြီးဥယျာဉ်နှင့်ဆက်စပ်၍ သဘာဝအခြေခံခရီးသွားလုပ်ငန်း (Eco-tourism)၊ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်း (Cultural Tourism)၊ အစားအစာဖြင့် ဆွဲဆောင်သည့် ခရီးသွား လုပ်ငန်း (Gastronomy Tourism) စသည့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် အထောက်အကူပြုနိုင်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း မှာကြားသည်။

ယင်းနောက် အထက်ပန်းဆိုးတန်းလမ်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ် (Foreign Direct Investment Hotel) တစ်လုံးဖြစ်သည့် Rose Garden Hotel သို့ သွားရောက်၍ ဟိုတယ်လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေကို စစ်ဆေးကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ဟိုတယ်အနေဖြင့် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများပေးနေသည်ကို မျက်မြင်တွေ့ရှိရပါကြောင်း၊ အနာဂတ်တွင် ယခုထက်ပိုမို၍ ဝန်ဆောင်မှုကောင်းမွန်လာစေရေး မြန်မာ့ဧည့်ဝတ်ကျေပွန်မှုပုံစံကို အလေးထားဖော်ဆောင်ရန်၊ မြန်မာ့ရိုးရာအစားအစာများကို အဆင့်မြှင့်တင်၍ ချက်ပြုတ်တည်ခင်းဧည့်ခံကျွေးမွေးပြီး Gastronomy Tourism အတွက် အထောက်အကူပြုနိုင်ရန်နှင့် ခရီးသွားဧည့်သည်များ စိတ်ကျေနပ်မှုရရှိစေရေး ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်တို့ကို ကြိုးစားဆောင်ရွက်စေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ နဝရတ်အားကစားကွင်းသို့ ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် အများပြည်သူ လာရောက်လေ့ကျင့်နိုင်စေရေးတို့အတွက် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရဘတ်ဂျက် ငွေကျပ် ၄၄၉ ဒသမ ၃၁၀ သန်းဖြင့် အဆင့်မြင့်အားကစားရုံ(က)အဆင့် တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားကွင်းသို့ရောက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းနှင့် အလျားပေ ၂၀၀၊ အနံ ပေ ၁၅၀ရှိ လူဦးရေ ၂၀၀၀ ဆံ့ မိုးလုံလေလုံ အားကစားရုံတည်ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်/စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးတို့အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ သွားရောက်၍ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားနည်းအလိုက် လေ့ကျင့်နေမှုကို လိုက်လံကြည့်ရှုအားပေးပြီး အားကစားသမားများကို မိမိတို့လေ့ကျင့်ထားသည့်အတိုင်း ပြိုင်ပွဲတွင် မဆုတ်မနစ်သောဇွဲ၊ စိတ်ဓာတ်ဖြင့် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားရန်လိုကြောင်း၊ မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သူများဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026
AnnouncementsExplore more >

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Mar 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Posted on Mar 11, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း