ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို


Ministry of Information/ Naypyitaw / January 15, 2026
image_latest


ရန်ကုန် ဇန်နဝါရီ ၁၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကျင်းပသည့် (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အာဂုံ/ ရေးဖြေစာမေးပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိသည်။

အာဂုံပြန်ဆိုပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ ၃ ရက်ပြန် ၁ ရက်နား စနစ်ဖြင့် (၁၈)ရက်တိုင်တိုင် ကျင်းပပြုလုပ် ခဲ့ရာ စာရင်းသွင်း ၂၆၁ ပါးအနက် လုံးဝမပြန်ဆို ၇၁ ပါး၊ ပြန်ဆိုစဉ်ပျက် ၃၅ ပါး၊ အစအဆုံးပြန် ၁၅၅ ပါးတို့ အာဂုံပြန်ဆိုပြီးစီးခဲ့သည်။

တိပိဋကဓရ တိပိဋကကောဝိဒ ရေးဖြေစာမေးပွဲ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အာဂုံပြန်ဆိုပြီးစီးသည့် ဆရာတော်များအား အာဂုံအောင်စာရင်းထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၇ နာရီခွဲတွင် ကမ္ဘာအေးကုန်းမြေရှိ ပုဗ္ဗဝိဒေဟ ကျောင်းဆောင် မြေညီထပ်ရှိ ဓမ္မသုခအစည်းအဝေးခန်းမ၌ကျင်းပရာ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီး ၉ ပါးကြွရောက် ချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် နဝကမ္မဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် ပုဗ္ဗဝိဒေဟ ကျောင်းဆောင်၊ အပရဂေါယာနကျောင်းဆောင်၊ဇမ္ဗုဒီပ ကျောင်းဆောင်နှင့် ဥတ္တရကုရုကျောင်းဆောင်များ အဆင့်မြှင့်တင်မွမ်းမံခြင်းလုပ်ငန်းများ (Phase II) ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၂)မှ တာဝန်ရှိသူများက ကျောင်းဆောင်ကြီး လေးဆောင် အဆင့်မြှင့်တင် မွမ်းမံခြင်းလုပ်ငန်း (Phase II) ဆောင်ရွက်နေမှုများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းဆောင်ကြီး လေးဆောင်သည် ဆဋ္ဌသင်္ဂါယနာတင်စဉ်ကပင် ဆောက်လုပ်ခဲ့သော သမိုင်းဝင်အဆောက်အအုံများဖြစ်သဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဆရာတော်ကြီးများ သီတင်းသုံးမည့်အခန်းများနှင့် ကျောင်းဆောင်ကြီးများကို အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့် ကိုက်ညီသောပစ္စည်းများကိုသာ အသုံးပြုဆောင်ရွက်ရန် မှာကြားသည်။

သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင်များဖြစ်ကြသည့် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၊ ဆရာတော်ကြီးများ သီတင်းသုံးသည့် ကျောင်းဆောင်ကြီး လေးဆောင်၊ သုံးထပ်ဆွမ်းစားဆောင်၊ သိမ်တော်ကြီး၊ သံဃာ့ဆေးရုံတော်၊ ပုံနှိပ်တိုက်တို့အနက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဘက်စုံပြုပြင်မွမ်းမံခြင်းများကိုဆောင်ရွက်ခဲ့ရာ ပထမအဆင့်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးကိုလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် သံဃာတော်များ သီတင်းသုံးသည့် ကျောင်းဆောင်ကြီး လေးဆောင်ဖြစ်သည့် ပုဗ္ဗဝိဒေဟကျောင်းဆောင်၊ အပရဂေါယာနကျောင်းဆောင်၊ ဇမ္ဗုဒီပကျောင်းဆောင်၊ ဥတ္တရကုရုကျောင်းဆောင်ကြီး လေးဆောင်တို့ကို ပြုပြင်မွမ်းမံလျက်ရှိရာ မတ်လအတွင်းပြီးစီးမည်ဖြစ်ပြီး တတိယအဆင့်အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သုံးထပ်ဆွမ်းစားဆောင်ကြီးကို ပြန်လည်ပြုပြင် မွမ်းမံသွားမည်ဖြစ်သည်။

သံဃာတော်များ သီတင်းသုံးသည့် ကျောင်းဆောင်ကြီးလေးဆောင်သည် မူလမပြုပြင်မီက ဆရာတော်သံဃာတော်များ သီတင်းသုံးတော်မူရာ၌ ကုဋီ၊ ရေချိုးခန်းများကို အဆောင် ဝဲ၊ ယာ တစ်ဖက်စီတွင် စုပေါင်းအသုံးပြုကြရပြီး ယခုပြန်လည်ပြင်ဆင်ရာ တွင် မူလအခန်း ၃ ခန်းကို ၂ ခန်းအဖြစ် ပြန်လည် ဖွဲ့စည်း၍ သီတင်းသုံးရာအိပ်ခန်း၊ ကုဋီ၊ ရေချိုးခန်းနှင့် Air Con များ တပ်ဆင်ပြုပြင်ပေးမှုကြောင့် ဆရာ တော် သံဃာတော်များ စိတ်ချမ်းမြေ့စွာ သာသနာပြု လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ပြည့်စုံစွာစီမံ ထားရှိပြီး ယခုအခါ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီး ကျင်းပပြုလုပ်ချိန်ဖြစ်၍ တိပိဋကဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက် စာမ ဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များ၊ စာဖြေသံဃာတော်များ စိတ်ချမ်းမြေ့စွာ စတင်သီတင်းသုံးတော်မူလျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။