ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ (၆)ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ပြီး ပြန်လည်ရောက်ရှိ

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ (၆)ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ပြီး ပြန်လည်ရောက်ရှိ


Ministry of Information/ Naypyitaw / January 19, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပခဲ့သည့် (၆)ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများ (6th ASEAN Digital Ministers’ Meeting – 6th ADGMIN and Related Meetings with Dialogue Partners)သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

(၆)ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို အာဆီယံဒေသတွင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားကို Melia Hanoi Hotel ၌ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် H.E. Pham Minh Chinh က တက်ရောက်အဖွင့်အမှာစကားပြောကြားကာ ဖွင့်လှစ်ပေးသည်။

(၆) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးကို “Adaptive ASEAN– From Connectivity to Connected Intelligence” ခေါင်းစဉ်ဖြင့်ပြုလုပ်ရာ ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနဝန်ကြီး H.E. Nguyen Manh Hung က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အစည်းအဝေးတွင် အာဆီယံဒေသအတွင်း ဒစ်ဂျစ်တယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ဘေးကင်းလုံခြုံမှု၊ ကျင့်ဝတ်ရှိမှုနှင့် အားလုံးပါဝင်သော AI အသုံးပြုမှုကို မြှင့်တင်၍ သမားရိုးကျဆက်သွယ်ပေါင်းစည်းမှု ကဏ္ဍများတွင် ဉာဏ်ရည်တုစနစ်များကိုအခြေခံ၍ ဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မှုများနှင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အစည်းအဝေး၏ခေါင်းစဉ်သည် ASEAN ၏ ဆက်သွယ်မှု ကွန်ရက်များကို ဉာဏ်ရည်တုစနစ်များဖြင့် အားဖြည့်ထားပြီး ယုံကြည်စိတ်ချမှုအပြည့်ရှိကာ ပြည်သူပြည်သားများ၏ အကျိုးစီးပွားကိုကာကွယ်ပေးနိုင်သည့် ဆက်သွယ်ပေါင်းစည်းမှုပုံစံတစ်ခုအသွင်သို့ ပြောင်းလဲတက်လှမ်း တည်ဆောက်ရန်ဟူသည့် ASEAN ၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသည့်အတွက် ထောက်ခံပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများပူးပေါင်းပြီး AI ကို ဘေးကင်းလုံခြုံ၍ ကျင့်ဝတ်ရှိသည့်ပုံစံဖြင့် အသုံးပြုနိုင်ရေးအတွက် ခိုင်မာပြီးသင့်တော်သည့် စီမံအုပ်ချုပ်မှုစနစ်ရှိရန် ဆောင်ရွက်နေခြင်း၊ လုံခြုံမှုရှိသည့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ယုံကြည်စိတ်ချရသော နယ်စပ်ဖြတ်ကျော်ဒေတာစီးဆင်းမှု (trusted cross-border data flow) ကို အားပေးခြင်းနှင့် ပြည်သူ့ဗဟိုပြု digital government စနစ် ဖြစ်ထွန်းစေရေးဆောင်ရွက်ခြင်းတို့ကို ထောက်ခံပါကြောင်း၊ ASEAN ဒေသတွင်း AI အုပ်ချုပ်မှုကို ပူးပေါင်းဖော်ဆောင်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ ဒစ်ဂျစ်တယ်နည်းပညာ တိုးတက်မှုကွာဟသည့်အခြေအနေကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံအလိုက် လွတ်လပ်စွာအကောင် အထည်ဖော်နိုင်စေရေး ထည့်သွင်းစဉ်းစားရန်အရေးကြီးကြောင်း၊ ASEAN Digital Masterplan 2030 ပါ အာဆီယံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အဓိကအားဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့်စီမံကိန်းများ ပြန်လည်သုံးသပ်ခြင်း၊ ၂၀၂၆ ခုနှစ်တွင် ဆောင်ရွက် မည့် စီမံကိန်းများအတည်ပြုခြင်း၊ စီမံကိန်းများအတွက် ဘဏ္ဍာငွေအတည်ပြုခြင်း၊ online scan တိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေးမြှင့်တင်ရေး၊ AI ဖွံ့ဖြိုးတိုးတက်မှုစနစ်တကျဖြစ်စေရေး စသည့်အကြောင်းအရာများတွင် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးအတည်ပြုကြသည်။

(၆)ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက် မွန်းလွဲပိုင်းတွင် အာဆီယံဒစ်ဂျစ်တယ်မဟာဗျူဟာ ၂၀၃၀ အတည်ပြုထုတ်ပြန်သည့် အခမ်းအနားအပြီးတွင် ပိတ်သိမ်းခဲ့သည်။ အစည်းအဝေးတွင် ဟနွိုင်းဒစ်ဂျစ်တယ် ကြေညာချက် (Hanoi Digital Declaration) ကို အတည်ပြုထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၅ ရက် ညပိုင်းတွင် Melia Hanoi Hotel တွင် ဗီယက်နမ်နိုင်ငံအစိုးရက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲနှင့် ASEAN Digital Awards 2026 ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါ ASEAN Digital Awards 2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ မန္တလေးမြို့ Tem Europa အဖွဲ့မှ Digital Startup ကဏ္ဍအောက်မှ Green Globe: Waste Management for a Better World ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ တတိယဆုရရှိခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် 2026 China-ASEAN Digital Ecosystem Cooperation Networking Event သို့ တရုတ်နိုင်ငံ China Academy of Information and Communications Technology ဌာန၏ ဖိတ်ကြားမှုဖြင့်တက်ရောက်ပြီး Keynote speech ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်တွင် ဒစ်ဂျစ်တယ်စနစ်များသည် ပိုမိုယုံကြည်စိတ်ချရလာပြီး ပိုမို၍ပြည်သူဗဟိုပြုဖြစ်လာပါကြောင်း၊ သို့သော် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ချိတ်ဆက်မှု (Connectivity) တစ်ခုတည်းဖြင့် မလုံလောက်တော့ဘဲ နောက်တစ်ဆင့်မှာ intelligence၊ လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်နိုင်မှု (adaptability)နှင့် ဆန်းသစ်တီထွင်မှု (innovation)တို့ လိုအပ်လာပါကြောင်း၊ နည်းပညာအသစ်များ တိုးတက်ပေါ်ထွန်း လာခြင်းနှင့်အတူ မိမိတို့လည်း တိုးတက်လာရန်လိုပါကြောင်း၊ စိန်ခေါ်မှုပိုမိုများလာခြင်းနှင့်အမျှ ပိုမိုစည်းလုံးစွာဖြင့် တုံ့ပြန်ကြရန်လိုလာပါကြောင်း၊ နည်းပညာပိုင်းမြှင့်တင်ရန်သာမက ဒေသတွင်း ပြည်သူများအားလုံး၏ အနာဂတ်အတွက် အခွင့်အလမ်းကောင်းများ မြှင့်တင်ပေးနိုင်ရန်အတွက်ပါ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးသည်။

(၆)ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁၁) နိုင်ငံနှင့်အတူ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်တို့မှ ဒစ်ဂျစ်တယ်ကဏ္ဍဆိုင်ရာ ဝန်ကြီးအဆင့်ရှိသူများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။