ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပွဲတော်များနှင့် ခရီးသွားကဏ္ဍနှင့်ဟိုတယ်ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပွဲတော်များနှင့် ခရီးသွားကဏ္ဍနှင့်ဟိုတယ်ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 22, 2026
image_latest


မြစ်ကြီးနား ဇန်နဝါရီ ၂၁

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြစ်ကြီးနားမြို့ Shwe Hee Hotel နှင့် Jade Garden Hotel သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်များ၏ ဂုဏ်အင်္ဂါအဆင့်နှင့်လျော်ညီစွာ ပြင်ဆင်တည်ဆောက်ထားရှိမှု အခြေအနေများ၊ အိပ်ခန်းဆောင်၊ စားသောက်ခန်းမများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ဝန်ဆောင်မှုစနစ်များနှင့် ဟိုတယ်တစ်ခု၏ စံချိန်စံညွှန်းများ ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုမည့် ဟိုတယ်လုပ်ငန်းကဏ္ဍ၏ အရည်အသွေး ပိုမိုပြည့်မီမှုရှိစေရေး လိုအပ်ချက်များကို မှာကြားသည်။

ထို့ပြင် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပြုလုပ်သည့် ကရာတေးကုမိတဲ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲသို့ ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ကရာတေးဆပ်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသည် ပြည်နယ်အားကစားလုပ်ငန်း ဆက်လက်ရှင်သန်ထွန်းကားရေးနှင့် လူငယ်များအကြား သန့်ရှင်းမှန်ကန်သည့် အားကစားစိတ်ဓာတ် ပိုမို ပြန့်ပွားစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ယင်းနောက် ကချင်ပြည်နယ် ဘောလုံးလက်ရွေးစင်ဟောင်း Old Star အသင်း၏ ချစ်ကြည်ရေး ခြေစမ်းဘောလုံးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဤလှုပ်ရှားမှုများသည် ၂၀၂၆ ခုနှစ်မှစတင်၍ ကချင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားယဉ်ကျေးမှုမြှင့်တင်ရေး လမ်းကြောင်းပေါ် ပိုမိုခိုင်ခိုင်မာမာပေါ်လွင်လာစေပြီး နောင်ရှေ့လုပ်ငန်း စဉ်များအရ ကချင်ပြည်နယ်အတွင်း ထူးခြားဆန်းသစ်သော Sports Tourism Festival အားကစား ပွဲများ၊ ခရီးသွားဆွဲဆောင်မှုများ ပိုမိုတိုးမြှင့်ကျင်းပသွားနိုင်ရေးနှင့် မြန်မာ့အားကစားဦးမော့လာနိုင်ရေး၊ ခရီးသွားကဏ္ဍစွမ်းဆောင်မှု ပိုမိုကောင်းမွန်လာစေရေးအတွက် ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်းအကောင် အထည်ဖော်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 04, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026
AnnouncementsExplore more >

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

Posted on Mar 4, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Posted on Mar 3, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Posted on Mar 3, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

HOT NEWS
January 4,