ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဇွန်ဘာပွဲတော်နှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာသိုင်းစွမ်းရည်ပြပွဲ တက်ရောက်အားပေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဇွန်ဘာပွဲတော်နှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာသိုင်းစွမ်းရည်ပြပွဲ တက်ရောက်အားပေး
Ministry of Information/ Naypyitaw / January 25, 2026
မြစ်ကြီးနား ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့တွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်းကိုယ်လက်လှုပ်ရှားအစီအစဉ် ဇွန်ဘာပွဲတော် (Zumba Festival) နှင့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာသိုင်းစွမ်းရည်ပြပွဲသို့ တက်ရောက်အားပေးသည်။
စုပေါင်းကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်အရ ကျင်းပသည့် Zumba Festival တွင် ပြည်ထောင်စုဝန်ကြီးက Zumba အကသည် လက်တင်အမေရိကန် ဂီတနှင့် ကကွက်များကို ပေါင်းစပ်ထားသော ကာယလေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ နှစ်သက်စွာလေ့ကျင့်လျက်ရှိကာ Zumba ကစားခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများရရှိစေခြင်း၊ သွေးလည်ပတ်မှုကောင်းမွန်စေပြီး နှလုံးကျန်းမာရေးတိုးတက်စေခြင်း၊ ကြွက်သားသန်မာစေခြင်းနှင့် ဟန်ချက်ညီမှုနှင့်ညီညွတ်မှု တိုးတက်စေခြင်းတို့အပြင် စိတ်ဖိစီးမှုလျော့ပါးစေခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုတိုးတက်စေခြင်းများရရှိပါကြောင်း၊ ထို့အပြင် လူမှုရေးဆိုင်ရာ ကောင်းကျိုးများအဖြစ် လူမှုဆက်ဆံရေးတိုးတက်စေခြင်း၊ အသိုင်းအဝိုင်းခံစားမှုရရှိစေခြင်းနှင့် အခြားသောအကျိုးကျေးဇူးများအနေဖြင့် မှတ်ဉာဏ်ကောင်းမွန်စေခြင်း၊ လွယ်ကူပျော်ရွှင်စေသော လေ့ကျင့်ခန်းဖြစ်ခြင်း၊ အသက်အရွယ်မရွေး၊ ကျွမ်းကျင်မှုအဆင့်မရွေး လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်သည့်အတွက် ယခုကဲ့သို့ စုပေါင်းကိုယ်လက် လှုပ်ရှားအစီအစဉ်များကို စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားသည်။
ထို့နောက် မြန်မာ့သိုင်းစွမ်းရည် ပြပြိုင်ပွဲသို့ တက်ရောက်ရာ ပြည်ထောင်စုဝန်ကြီးက သရုပ်ပြ အားကစားသမားများအား ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ပြီး ယခုကဲ့သို့ အားကစားပြိုင်ပွဲများ ကျင်းပခြင်းဖြင့် မြန်မာ့ရိုးရာကိုယ်လုံကိုယ်ခံပညာကို ဆက်လက်ထိန်းသိမ်း မြှင့်တင်နိုင်ရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးတို့နှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
