ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ


Ministry of Information/ Naypyitaw / February 16, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ရှင်းလင်းတင်ပြ

တွေ့ဆုံစဉ် ပြည်နယ်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်း စက်မှုလုပ်ငန်းများ စစ်ဆေးခဲ့မှု၊ စက်မှုလုပ်ငန်းများအကောင်အထည်ဖော်မှု၊ လျှပ်စစ်၊ ဘွိုင်လာ စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ခဲ့မှုတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် လျှပ်စစ်၊ ဘွိုင်လာများ စတင်အသုံးပြုခဲ့မှု၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများစတင် ပေါ်ပေါက်လာမှုနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ ထိန်းကျောင်းခဲ့သည်ကို သုတေသနပြုလုပ်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များကို မြို့နေပြည်သူများအတွက် လိုအပ်သော စားသောက်ကုန်၊ အသုံးအဆောင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ပေးနိုင်ရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရန်ရည်ရွယ် တည်ထောင်ထားခြင်းဖြစ်၍ ရည်မှန်းချက်ပြည့်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း၌ MSME လုပ်ငန်းအရေအတွက်များကို စာရင်းကောက်ယူပြီး ဖွံ့ဖြိုးတိုးတက်မှု ရှိ၊ မရှိ စောင့်ကြည့် လေ့လာသုံးသပ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ မှန်ကန်သည့် ဆုံးဖြတ်ချက်များချမှတ်၍ ထိရောက်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်နိုင်ရေးအတွက် စစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် လေ့လာသင်ယူကြရမည် ဖြစ်ကြောင်းပြောကြားပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း