ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / February 16, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေမှုနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ပေါင်းစပ်ဖြည့်ဆည်း

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ငပုတောမြို့နယ် ကျုံကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျေးရွာအုပ်စုရှစ်အုပ်စု၊ ကျေးရွာ၂၈ ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ သမဝါယမအသင်းသားများ၊ ပညာရေးဌာနမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ကျေးရွာများရှိ အခြေခံပညာအလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးသူများအနေဖြင့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများတွင် အခမဲ့တက်ရောက်နိုင်ကြောင်း၊ သင်တန်းတက်ရောက်ပြီး ထူးချွန်သူများသည် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်ကြောင်း၊ အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေးဆောင်ရွက်လိုသော အမျိုးသမီးများနှင့် ပညာရေးဆုံးခန်းတိုင်သင်ကြားနိုင်မှုမရှိခဲ့သည့် လူငယ်လူရွယ် များကို အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားတတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန် ကျေးရွာအရောက်သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ လုပ်ငန်းလုပ်ကိုင်လို သူများကိုရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ၊ အရင်းအနှီးမတည်ငွေများ ထူထောင်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြား ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ငပုတောမြို့နယ် ကျုံကူး-ရေကျော်-ရေတွင်းကုန်းကျေးရွာချင်းဆက် ကွန်ကရစ်တံတား တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး ရေကျော်အောက်ကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ ရေကျော်အောက်မွေးမြူရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက် အသင်းသား များအတွက် ထောက်ပံ့ငွေများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေများပေးအပ်သည်။

ယင်းနောက် ဟိုင်းကြီးကျွန်းမြို့ မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကို ဖူးမြော်ကြည်ညိုပြီး အလှူတော်ငွေများပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)၊ အမှတ်(၃) ရပ်ကွက်တို့ကိုဆက်သွယ်ထားသည့် ကတ္တရာလမ်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Feb 16, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 15, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Posted on Feb 14, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Posted on Feb 13, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Feb 12, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 11, 2026
AnnouncementsExplore more >

အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

Posted on Feb 11, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

Posted on Feb 11, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Posted on Feb 11, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။