ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံ သီးသန့်အစည်းအဝေးကျင်းပ

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံ သီးသန့်အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / February 19, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၈

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံသီးသန့်အစည်းအဝေးကို ယနေ့ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာ - ထိုင်း နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအားကောင်းစေရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ကြပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေးစသည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာကိစ္စများအပါအဝင် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုကဏ္ဍ တိုးမြှင့်နိုင်ရေး နည်းလမ်းများကိုလည်း ဆွေးနွေးကြသည်။

ထို့ပြင် နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တရားမဝင် နယ်စပ်ကုန်သွယ်ရေး၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု စသည့်တရားမဝင်လုပ်ငန်းများ တိုက်ဖျက်ရေးအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ပူးပေါင်းတိုက်ဖျက်ရေးတို့တွင် ပိုမိုအရှိန်မြှင့်တင်နိုင်ရေးဆွေးနွေးကြပြီး နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးကြသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် အလုပ်သဘောညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Feb 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Feb 16, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 15, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Posted on Feb 14, 2026