ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်၌ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်မှုများ လိုက်လံကြည့်ရှု
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်၌ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်မှုများ လိုက်လံကြည့်ရှု
Ministry of Information/ Naypyitaw / February 24, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တို့နှင့်အတူ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာ၌ ကျင်းပသည့် လေပြင်းဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်ခြင်း လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နွေကြိုကာလ၊ မိုးကြိုကာလ၊ မိုးကာလများတွင် လေပြင်းတိုက်ခတ်မှုများကြောင့် နိုင်ငံအဝန်းလူနေအိမ်အဆောက်အအုံများ အမိုးလန်ခြင်း၊ ယိုင်လဲခြင်း၊ ပြိုကျခြင်းများကို နှစ်စဉ်တွေ့ကြုံရလေ့ရှိကြောင်း၊ ယနေ့ကျင်းပသည့် အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းစီမံချက် ဖွင့်ပွဲအခမ်းအနားသည် ၂၀၂၆ ခုနှစ် နွေကြိုကာလ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ကိုးခုတွင် ဆောင်ရွက်မှုအတွက် စီမံချက်စတင်ခြင်းအခမ်းအနားဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အားဖြည့်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့် နိုင်ငံတော်က ထောက်ပံ့ကူညီမှုပြုပေးရမည့် နေအိမ်များကို ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရွေးချယ်၍ နမူနာပြဆောင်ရွက်မှုဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ရာသီကာလအလျောက် ဒေသအလိုက်ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များကို မပျက်သတိပြု၍ ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေနိုင်သည့် စီမံမှုများကို သိရှိကြရန်နှင့် စဉ်ဆက်မပြတ်လိုက်နာဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ နေအိမ်များအားဖြည့်မွမ်းမံပြင်ဆင်မှု၊ နမူနာပြဆောင်ရွက်ခြင်းနှင့်အတူ လေပြင်းဘေးထိခိုက်မှုလျော့နည်းစေနိုင်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် စပ်လျဉ်းသည့် ပြည်သူလူထုအသိပညာပေးခြင်း လုပ်ငန်းများကို တစ်ပါတည်းဆောင်ရွက်ခြင်းဖြင့် လေပြင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ကျရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ကြည့်ရှုအားပေး
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကလွင်ကျေးရွာအုပ်စု ကလွင်ရွာမရပ်ကွက်တွင် နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်ခြင်း လက်တွေ့ဆောင်ရွက်နေမှု၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကိုင်းချောင်းကျေးရွာအုပ်စု မန်ကျည်းတောကျေးရွာ၌ နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်ခြင်း လက်တွေ့ဆောင်ရွက်နေမှု၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပြည်တော်သာတောင်ရပ်ကွက်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်မှုနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေနေမှု၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရပ်ကွက်(၁၈)၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နေမှုတို့ကို အွန်လိုင်းမှကြည့်ရှုအားပေးသည်။
ယင်းနောက် အေးချမ်းသာစံပြကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်ဆောင်ရွက်ပေးမှုနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့က တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများကို ပြည်သူများထံပေးအပ်၍ တပ်ကုန်းမြို့ အေးချမ်းသာစံပြကျေးရွာ၌ နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Feb 24, 2026မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်
Posted on Feb 23, 2026မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်
Posted on Feb 23, 2026တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်
