ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည့် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည့် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / March 02, 2026
နေပြည်တော် မတ် ၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီ၊ အာကာသပြတိုက်(ရန်ကုန်)တို့က ကြီးမှူး၍ ပထမဆုံးအကြိမ်အဖြစ် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ၌ အကြီးကျယ်အခမ်းနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲသို့ သွားရောက်လေ့လာကြည့်ရှုအားပေးသည်။
ထိုသို့ သွားရောက်ကြည့်ရှုစဉ် မြန်မာအာကာသအေဂျင်စီနှင့် အာကာသပြတိုက်(ရန်ကုန်)တို့မှ တာဝန်ရှိသူများက လက်ရှိ အခြေခံပညာအလယ်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို လိုက်လံရှင်းလင်းပြသကြပြီး ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအား နှုတ်ဆက်အားပေးကာ အဆာပြေအဖြစ် အအေးနှင့်မုန့်များ၊ ချီးမြှင့်ငွေများကို တစ်ဦးချင်းလိုက်လံပေးအပ်၍ ပြိုင်ပွဲအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က လက်ခံရယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုပ်များ၏ သရုပ်ပြဖျော်ဖြေမှုများ၊ စကြဝဠာတည်ရှိမှု သမိုင်းကြောင်းနှင့် အာကာသအတွင်းရှိ ကမ္ဘာမြေနှင့် ဂြိုဟ်ကြီးများအကြောင်း၊ အာကာသနည်းပညာဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အများပြည်သူ သိရှိနားလည် ဗဟုသုတရရှိစေရေးအတွက် ခင်းကျင်းပြသထားသည့် အာကာသဆိုင်ရာပြခန်းများကို ကြည့်ရှုလေ့လာသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အာကာသဆိုင်ရာ ပြခန်းတာဝန်ခံများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
