ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်၊ ကျောင်းကုန်းနှင့် ပန်းတနော်မြို့နယ်များမှ အားကစားကွင်း၊ အားကစားရုံများ ကွင်းဆင်းကြည့်ရှု
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်၊ ကျောင်းကုန်းနှင့် ပန်းတနော်မြို့နယ်များမှ အားကစားကွင်း၊ အားကစားရုံများ ကွင်းဆင်းကြည့်ရှု
Ministry of Information/ Naypyitaw / March 04, 2026
နေပြည်တော် မတ် ၃
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်၊ ကျောင်းကုန်းနှင့် ပန်းတနော်မြို့နယ်များရှိ အားကစားကွင်း၊ အားကစားရုံများကို ကွင်းဆင်းကြည့်ရှုသည်။
ဖွင့်လှစ်သင်ကြားပေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် အားကစားကွင်းအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုမူလခွင့်ပြုရန်ပုံငွေဖြင့် မီတာ ၄၀၀ မြေသားပြေးလမ်းပါ ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် မိုးလုံလေလုံအားကစားရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း၊ အားကစားရုံရေရှည်တည်တံ့စေရေး၊ မြက်ခင်းများ စိမ်းလန်းစိုပြည်စေရေး၊ ဂိုးတိုင်နှင့် ဂိုးပိုက်များကို စနစ်တကျတပ်ဆင်ထားရှိပြီး အမြဲတမ်းသစ်လွင်တောက်ပစေရေး၊ နွေရာသီအားကစားသင်တန်းများတွင် ဆုတံဆိပ်ရရှိနိုင်သည့် ပြေးခုန်ပစ်နှင့် အတိုက်အားကစားနည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းကုန်းမြို့နယ် အားကစားကွင်းသို့ ရောက်ရှိရာ ဘောလုံးကွင်းအတွင်း အလျားပေ ၁၂၀၊ အနံပေ ၉၀ အားကစားခန်းမတည်ဆောက်ရန် လျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း၊ အားကစားရုံ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး ပုံမှန်ဆောင်ရွက်ရန်နှင့် ရေ၊ မီးသုံးစွဲမှုများ အဆင်ပြေစေရေး၊ ဂိုးတိုင်၊ ဂိုးပိုက်များကို စနစ်တကျတပ်ဆင်ထားရှိရန် မှာကြားသည်။
စနစ်တကျထိန်းသိမ်းဆောင်ရွက်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းတနော်မြို့နယ် အားကစားကွင်းအခြေအနေကို ကြည့်ရှုပြီး ဧရာဝတီတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အားကစားကွင်း၊ အားကစားရုံများတွင် ပြည်သူများလာရောက် လေ့ကျင့်ကစားနိုင်စေရေး၊ အားကစားလေ့ကျင့်မှုများနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် နွေရာသီအားကစားသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားကွင်း၊ အားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် အစဉ်အမြဲသန့်ရှင်းသာယာ လှပစေရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
