ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / March 04, 2026
image_latest


နေပြည်တော် မတ် ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မန်းမြို့တော်ဆောက်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း၏ မိဘမေတ္တာမုန့်စက်ရုံ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ကျေးလက်ဒေသသမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ဖြစ်ပေါ်ရေး၊ မြို့ပြနှင့် အခြားပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်မှုများ လျော့နည်းရေးတို့ကို များစွာအထောက်အကူဖြစ်စေကြောင်း၊ ယခုကဲ့သို့ သမဝါယမစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်တစ်ခုအနေဖြင့် သမဝါယမအသင်းတစ်ခုဖြစ်သည့် မန်းမြို့တော်ဆောက်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းက “မိဘမေတ္တာ” မုန့်စက်ရုံတည်ဆောက်ပြီး ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း၊ မုန့်စက်ရုံတည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် အထုပ်အကြီးအရေအတွက် တစ်သိန်းခန့်နှင့် အထုပ်အသေးအရေအတွက် နှစ်သိန်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စက်ရုံတာဝန်ရှိသူများအနေဖြင့် ထုပ်ပိုးမှုပုံစံများကိုလည်း ခေတ်မီလှပသပ်ရပ်သောပုံစံများဖြင့် သုံးစွဲသူစိတ်ဝင်စားမှုနှင့် စွဲဆောင်မှုရှိအောင် ဖန်တီးဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယခုမုန့်စက်ရုံကို တည်ထောင်ဆောက်လုပ်နိုင်ခြင်းကြောင့် မိမိတို့ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မန္တလေး) မှ ကျောင်းဆင်းများအပါအဝင် ဒေသရှိလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မန်းမြို့တော်ဆောက်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း၏ မိဘမေတ္တာမုန့်စက်ရုံပန္နက်တင်ခြင်းကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် အောင်သဇင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် တန် ၁၂ဝ ကျ ဆန်စက် Show Room နှင့် ရုံးခန်းတည်ဆောက်မည့် လျာထားမြေနေရာနှင့် တန် ၁၂၀ ကျ ဆန်စက်၊ ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအခြေအနေကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် မန္တလေးနို့ချက်စက်ရုံ၌ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နေမှုကိုလည်းကောင်း၊ ပန်းရိုးမသောက်ရေသန့်စက်ရုံမှ ရေသန့်နှင့် ရေသန့်ရေခဲထုတ်လုပ်မှုနေမှုကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Royal Ruby Flower တန် ၁၅ဝ ကျ ဆန်စက်လည်ပတ်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် စက်ရုံများစွမ်းအားပြည့် စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေး၊ ကုန်ကြမ်းရရှိရေး၊ ထွက်ရှိလာသောထုတ်ကုန်များ ဈေးကွက်ရရှိရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း