ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဝဥကုန်ကြမ်းစိုက်ပျိုးမှုမှ တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သည့် ဝဥကြာဆံ၊ ဝဥဆန်အပါအဝင် ဝဥကုန်ချောထုတ်လုပ်မှုနှင့် ရောင်းချမှုဆိုင်ရာ နည်းပညာဆွေးနွေးပွဲ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဝဥကုန်ကြမ်းစိုက်ပျိုးမှုမှ တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သည့် ဝဥကြာဆံ၊ ဝဥဆန်အပါအဝင် ဝဥကုန်ချောထုတ်လုပ်မှုနှင့် ရောင်းချမှုဆိုင်ရာ နည်းပညာဆွေးနွေးပွဲ တက်ရောက်


Ministry of Information/ Naypyitaw / March 19, 2026
image_latest


နေပြည်တော် မတ် ၁၈

ဝဥကုန်ကြမ်းစိုက်ပျိုးမှုမှ တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သည့် ဝဥကြာဆံ၊ ဝဥဆန်အပါအဝင် ဝဥကုန်ချော ထုတ်လုပ်မှုနှင့် ရောင်းချမှုဆိုင်ရာ နည်းပညာဆွေးနွေး ပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက Virtual စနစ်ဖြင့် တက်ရောက်သည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးသွင်အောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းရှင်များ၊ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝဥသည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအသောက်တစ်မျိုးဖြစ်သည့်အပြင် ပြည်တွင်းနှင့် ပြည်ပဈေးကွက်များတွင်လည်း တဖြည်းဖြည်းလိုအပ်ချက်မြင့်တက်လာနေသည့် စိုက်ပျိုးသီးနှံတစ်မျိုးဖြစ်ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသည် ဝဥမျိုးကောင်း မျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေး နည်းပညာများ၊ အထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်ရေး သုတေသနလုပ်ငန်းများ၊ ပြည်တွင်းနှင့် ပြည်ပဈေးကွက်သတင်းအချက် အလက်များအပြင် ကုန်ကြမ်းမှ ကုန်ချောပြောင်းလဲထုတ်လုပ်ရာတွင် လိုအပ်သော နည်းပညာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲသည် သက်ဆိုင်ရာပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များအကြား အတွေ့အကြုံများကို ဖလှယ်နိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်သည့်အပြင် ဝဥစိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ဝဥအမျိုးအစားအလိုက် အထွက်နှုန်းနှင့် အရည်အသွေးသုတေသန ပြုမှုဆိုင်ရာကိစ္စရပ်များ၊ ဝဥမျိုးကောင်း မျိုးသန့်ရရှိရေးနှင့် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း/ ပြည်ပဈေးကွက် သတင်းအချက်အလက်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်ကြမ်းမှ ကုန်ချောပြောင်းလဲရာတွင် လိုအပ်သည့် ဓာတ်ခွဲစမ်းသပ်မှုနှင့် အရည်အသွေးထိန်းသိမ်းမှု နည်းပညာများနှင့် ဝဥတွင် ပါဝင်သော ယားယံစေသည့် Calcium Oxalate များကို နည်းပညာဖြင့် ဖယ်ရှားနိုင်မည့် နည်းလမ်းများ၊ ဝဥအခြောက်ခံသည့် စက်ပစ္စည်းဆိုင်ရာများ၊ ထုတ်ကုန်ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် လုပ်ငန်းထောက်ခံချက်ရယူနိုင်မည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ဝဥ၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ၊ ဝဥထုတ်လုပ်ရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကာ ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် မိုင်းကိုင်စက္ကူ (ရှမ်းစက္ကူ) ထုတ်လုပ်မှုနည်းပညာဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက Virtual စနစ်ဖြင့် တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိုင်းကိုင်စက္ကူ (ရှမ်းစက္ကူ) သည် ရှမ်းပြည်နယ်ဒေသတွင် ရှေးယခင်ကတည်းက ထုတ်လုပ်လာခဲ့သည့် အိမ်တွင်းရိုးရာလက်မှုထုတ်ကုန်တစ်မျိုးဖြစ်ပြီး စာရေးရန်သာမက ပုရပိုက်ဖြူများ၊ ခမောက်များ၊ ယပ်တောင်များအဖြစ် ပြုလုပ်သုံးစွဲခဲ့ကြသည့် အတွက် ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ်လည်း သတ်မှတ်နိုင်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲသည် မိုင်းကိုင်စက္ကူထုတ်လုပ်ရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နည်းပညာဆိုင်ရာ အတွေ့အကြုံများနှင့် သုတေသနအချက်အလက်များကို မျှဝေဆွေးနွေးနိုင်မည့် အရေးပါသောအခွင့်အလမ်းတစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှ ထီးလုပ်ငန်းနှင့် မိုင်းကိုင်စက္ကူလုပ်ငန်းမှ တာဝန်ရှိသူတို့က မိုင်းကိုင်စက္ကူ (ရှမ်းစက္ကူ) အသုံးပြု၍ လူသုံးကုန်လက်မှုအနုပညာထုတ်လုပ်မှု၊ မိုင်းကိုင်စက္ကူပြုလုပ်ရာတွင် ကုန်ကြမ်းဖြစ်သော သာလဲပင် (ရှော်ပင်) ထုတ်ယူသုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ မိရိုးဖလာ မိုင်းကိုင်စက္ကူ (ရှမ်းစက္ကူ) ထုတ်လုပ်ခြင်းနှင့် ပုံမှန်စက္ကူထုတ်လုပ်ခြင်းအပေါ် နှိုင်းယှဉ်ချက်၊ မိုင်းကိုင်စက္ကူ (ရှမ်းစက္ကူ) ဖြင့် လက်မှုအနုပညာပစ္စည်းများပေါ်တွင် သဘာဝဆိုးဆေးဖြင့် အလှဆင်ခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း