ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အစိုးရအဖွဲ့၏ရက်ပေါင်း(၁၀၀)စီမံကိန်းတွင် ပေးအပ်ထားသော ရည်မှန်းချက်တာဝန်များကို ကာလတိုအတွင်း အောင်မြင်အောင် ဆောင်ရွက်ရန်မှာကြား
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အစိုးရအဖွဲ့၏ရက်ပေါင်း(၁၀၀)စီမံကိန်းတွင် ပေးအပ်ထားသော ရည်မှန်းချက်တာဝန်များကို ကာလတိုအတွင်း အောင်မြင်အောင် ဆောင်ရွက်ရန်မှာကြား
Ministry of Information/ Naypyitaw / April 24, 2026
နေပြည်တော် ဧပြီ ၂၃
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး အမှတ်(၉) နေပြည်တော်ရှိ လောကနတ်ခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လက်ရှိအစိုးရ၏ အနာဂတ်ဆောင်ရွက်မည့်အစီအစဉ်များကို အသိပေးပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံ့စွမ်းအား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရာတွင်အရေးပါသည့် ဝန်ကြီးဌာနဖြစ်ကြောင်း၊ တာဝန်သိသိ သစ္စာရှိရှိဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးနှင့် ဝန်ကြီးဌာနအကျိုးကို မိသားစုသဖွယ်စိတ်ဓာတ်ဖြင့် ထမ်းဆောင်သွားရန် လိုအပ်ကြောင်း။
ဝန်ထမ်းများအနေဖြင့် တော်တည့်မှန်ကန်စွာနေထိုင်၍ ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသည် ပြည်ပနိုင်ငံများနှင့် ထိတွေ့ဆက်ဆံ၍ အောင်မြင်အောင် ဆောင်ရွက်ခြင်းနှင့် ပြည်တွင်း၌ အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ငန်းများပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံတကာဆက်ဆံရေးတွင်ရန်သူကို ကြားနေဖြစ်အောင် ဆောင်ရွက်ခြင်း၊ ကြားနေကို မိတ်ဆွေဖြစ်အောင် ဆောင်ရွက်ခြင်း၊ မိတ်ဆွေကို မဟာမိတ်ဖြစ်အောင် ဆောင်ရွက်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် လည်းကောင်း၊ ကျန်နိုင်ငံများအားလုံးနှင့်လည်းကောင်း ဆက်ဆံရေးပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) စီမံကိန်းတွင် ပေးအပ်ထားသော ရည်မှန်းချက်တာဝန်များကို ကာလတိုအတွင်းအောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ပြည်ပတွင် သွားရောက်တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံရပ်ခြားတွင် ရငွေနှင့် သုံးငွေမျှတစွာသုံးစွဲရန်၊ သားသမီးများ ပြည်ပတွင် ပညာသင်ကြားရာတွင် မိမိတို့နိုင်ငံအပေါ် မျိုးချစ်စိတ်ရှိရန်၊ အမျိုး၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရေး သင်ကြားပေးရန်လိုကြောင်း။
ဝန်ထမ်းများ ကျန်းမာရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငလျင်ကာလအလွန် ဝန်ထမ်းနေအိမ်ခန်းများတွင် အပြည့်အဝပြန်လည်နေထိုင်နိုင်ရေးကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းများ အောင်အောင်မြင်မြင်ဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Posted on Apr 24, 2026ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။